စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နှင့် တပ်မတော် ကာကွ / From Wikipedia, the free encyclopedia
ဒုတိယဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ[1][2] စိုးဝင်း (၁ မတ် ၁၉၆၀ မွေးဖွား[3]) သည် မြန်မာနိုင်ငံသား၊ တပ်မတော်သားတစ်ဦးဖြစ်ပြီး လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးတာဝန်များအား ထမ်းဆောင်နေသူဖြစ်သည်။ စစ်တက္ကသိုလ်၊ ဗိုလ်လောင်သင်တန်းအမှတ်စဉ် (၂၂)ကျောင်းဆင်းအရာရှိတစ်ဦးဖြစ်သည်။ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း (ဗထူး)၏ ကျောင်းအုပ်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး စသည့် တာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစတင်ကာ "ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)" အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
စိုးဝင်း | |
---|---|
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ | |
ဒုတိယဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂ ဖေဖော်ဝါရီ ၂၀၂၁ | |
ဥက္ကဋ္ဌ | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
တပ်မတော် | |
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ မတ် ၂၀၁၁ | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ယခင်လူ | ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး |
တပ်မတော် (ကြည်း) | |
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ မတ် ၂၀၁၁ | |
ယခင်လူ | ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး |
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဩဂုတ် ၂၀၂၁ | |
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1960-03-01) မတ် ၁၊ ၁၉၆၀ (အသက် ၆၄) |
နိုင်ငံသား | မြန်မာနိုင်ငံသား |
လူမျိုး | ဗမာ |
ကြင်ဖော်(များ) | ဒေါ်သန်းသန်းနွယ် |
သားသမီး | ဟန်ထူး လင်းထူး |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
ဆုတံဆိပ်များ | |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
အမှုထမ်းကာလ | ၁၉၈၀-လက်ရှိ |
ရာထူး | ဒုတိယဗိုလ်ချုပ်မှူးကြီး |
တပ် | တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး |
၂၀၂၁ စစ်အာဏာသိမ်းခြင်းတွင် ဒုတိယခေါင်းဆောင်ဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။[4]