ဇာဂနာ(ရုပ်ရှင်နှင့် သဘင်ပညာရှင်)
From Wikipedia, the free encyclopedia
ဇာဂနာ ခေါ် မောင်သူရ သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ လူရွှင်တော်၊ သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား ပြစ်တင်ဝေဖန်မှုများကြောင့် မကြာခဏ ထောင်ဒဏ်ကျခံရသူလည်းဖြစ်သည်။ သူသည် မြန်မာအခေါ်အဝေါ် ဇာဂနာ (ဇာဂနာဆိုသည်မှာ သေးမွှားသော အရာကို နှုတ်ယူနိုင်သည့် ကရိယာဖြစ်သည်) ဆိုသည့် အမည်ဖြင့် မြန်မာပြည်တွင် နာမည်ကျော်ကြား လူသိများသော လူရွှင်တော်အဖြစ် လည်းကောင်း၊ ဟာသမြောက်စွာ လှောင်ပြောင်ရေးသားမှုများဖြစ် စစ်အစိုးရကို ဝေဖန်သော သူတစ်ဦးအဖြစ်၊ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း လူသိများသည်။
ဇာဂနာ | |
---|---|
၂၀၁၂ ဇန်နဝါရီ ၁ ရက်နေ့က တွေ့ရသော ဇာဂနာ | |
မွေးဖွား | သူရ (1961-01-27) ၂၇ ဇန်နဝါရီ၊ ၁၉၆၁ (အသက် ၆၃) ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
မိခင်ကျောင်း | သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) အ.ထ.က(၁)ဒဂုံ |
အလုပ်အကိုင် | စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဟာသပညာရှင် |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၁- |
အိမ်ထောင်ဖက်(များ) | လွင်မာဦး |
သားသမီး | မြတ်ကောင်း၊ ငယ်ဦးမွန် |
မိဘ(များ) | ဦးအောင်သိန်း (နန်းညွန့်ဆွေ) နှင့် ဒေါ်လှကြည် |
ဇာဂနာသည် The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို Free Expression (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်) ဆိုသည့် အဖွဲ့အစည်းမှ ချီးမြှင့်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အမေရိကန်နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။