တီမို ဗာနာ
ဂျာမန် အမျိုးသားဘောလုံးအသင်း ကစားသမား / From Wikipedia, the free encyclopedia
တီမို ဝါနာ (ဂျာမန်အသံထွက် [ˈtiːmoː ˈvɛɐ̯nɐ]; [4][5]၁၉၉၆ မတ် ၆ တွင်မွေးဖွားသည်) ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးနှင့်ဂျာမနီအသင်းအတွက် တိုက်စစ်မှူးအဖြစ်ကစားသော ဂျာမန်ပရော်ဖက်ရှင်နယ်ဘောလုံးသမား ဖြစ်သည်။
၂၀၁၈တွင် ဂျာမနီအသင်းဖြင့် တီမို | |||||||||||||||
ကိုယ်ရေးအချက်အလက်များ | |||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အမည် အပြည့်အစုံ | တီမို ဝါနာ[1] | ||||||||||||||
မွေးသက္ကရာဇ် | (1996-03-06) ၆ မတ်၊ ၁၉၉၆ (အသက် ၂၇)[2] | ||||||||||||||
မွေးရပ်ဇာတိ | ရှတွဒ်ဂါဒ်, ဂျာမနီ | ||||||||||||||
အရပ်အမြင့် | ၁.၈၀ m (၅ ft ၁၁ in)[3] | ||||||||||||||
ကစားသည့်နေရာ | တိုက်စစ်မှူး | ||||||||||||||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||||||||||||||
လက်ရှိအသင်း | ချဲလ်ဆီး | ||||||||||||||
အင်္ကျီနံပါတ် | 11 | ||||||||||||||
လူငယ်ဘဝကလပ်များ | |||||||||||||||
0000–2002 | TSV Steinhaldenfeld | ||||||||||||||
2002–2013 | VfB ရှတွဒ်ဂါဒ် | ||||||||||||||
အကြီးတန်း ကစားသမား* | |||||||||||||||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† | ||||||||||||
2013–2016 | VfB ရှတွဒ်ဂါဒ် | 95 | (13) | ||||||||||||
2014 | VfB ရှတွဒ်ဂါဒ် II | 1 | (1) | ||||||||||||
2016–2020 | RB Leipzig | 127 | (78) | ||||||||||||
2020– | ချဲလ်ဆီး | 2 | (0) | ||||||||||||
နိုင်ငံကိုယ်စားပြုအသင်း‡ | |||||||||||||||
2010–2011 | ဂျာမနီ U15 | 4 | (3) | ||||||||||||
2011–2012 | ဂျာမနီ U16 | 5 | (2) | ||||||||||||
2012–2013 | ဂျာမနီ U17 | 18 | (16) | ||||||||||||
2013–2015 | ဂျာမနီ U19 | 14 | (10) | ||||||||||||
2015–2016 | ဂျာမနီ U21 | 7 | (3) | ||||||||||||
2017– | ဂျာမနီ | 31 | (12) | ||||||||||||
Honours
| |||||||||||||||
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
၂၀၁၃ ခုနှစ်တွင် သူ၏ပွဲဦးထွက်တွင် တီမို ဗာနာသည် VfB စတူးဂါဒ် ကိုကိုယ်စားပြုသည့်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် ကလပ်၏အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာခဲ့သည်။ သူသည် စတူးဂါဒ် အတွက်ပွဲပေါင်း ၁၀၀ ကျော်ကစားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် RB Leipzig သို့ ယူရို ၁၀ သန်းဖြင့် စံချိန်တင်ကြေးပေးခဲ့သည်။ တီမို ဗာနာသည် အသင်းနှစ်သင်းနှင့်အတူ စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ဘွန်ဒက်လီဂါ၌ ပွဲစဉ် ၅၀၊ ၁၀၀၊ ၁၅၀ နှင့် ၂၀၀ ပွဲတွင် အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့သည်( ပထမစံချိန်နှစ်ခုအား ကိုင် ဟာဗားဇ်က ပြန်ချိုးခဲ့သည်)။ ဂျာမနီမှာ အဆင့်မြင့်တန်းပွဲတစ်ပွဲတွင်း ၂ ဂိုး သွင်းယူနိုင်သည့် အငယ်ဆုံး ကစားသမားဖြစ်သည်။ တီမို ဗာနာသည် ၂၀၂၀ ပြည့်နှစ်ဇူလိုင်လတွင် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခဲ့သည်။
တီမို ဗာနာ သည် ဂျာမနီလူငယ်ဘောလုံးအဆင့်တွင် ထူးခြားသောဂိုးသွင်းယူသူဖြစ်ပြီး (၄၈) ပွဲတွင် (၃၈) ဂိုးသွင်းယူနိုင်ခဲ့သည်။ သူသည် ၂၀၁၇ ခုနှစ်တွင် ဂျာမန်အမျိုးသားအသင်းအတွက် ပထမဆုံးပွဲထွက်ခဲ့ပြီး၊ ထိုနှစ်တွင်ပင်သူ၏နိုင်ငံအား ၂၀၁၇ ဖီဖာကွန်ဖက်ဒရေးရှင်းဖလားရရှိရန် ကူညီခဲ့သည်။ သူ၏ ပွဲစဉ်တွင်း ၃ ဂိုး သွင်းနိုင်ခဲ့ခြင်းက သူ့ကို ပြိုင်ပွဲ၏ရွှေဖိနပ်ဆုကို ရရှိခဲ့သည်။ သူသည် ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားတွင် ဂျာမနီကိုကိုယ်စားပြုရန်လည်း ရွေးချယ်ခံခဲ့ရသည်။