ပတ္တာ
From Wikipedia, the free encyclopedia
ပတ္တာဆိုသည်မှာ အရာဝတ္ထုနှစ်ခု ချိတ်ဆက်နေပြီး ၎င်းတို့အားလည်ပတ်အောင် ဖန်တီးထားသည့် တံခါးရွက်စသည် တပ်ရာ၌ အသုံးပြုသော သတ္တုပြားလက်ယှက်အား ခေါ်သည်။ သတ္ထုပြားနှစ်ခုသည် သတ်မှတ်ထားသည့် ဝင်ရိုးပေါ်တွင် မျဉ်းဖြောင့်အတိုင်းလည်နေစေပြီး အခြားသို့ ပြောင်းလဲခြင်း သို့မဟုတ် လည်ပတ်ခြင်းအား တားမြစ်ထားသည်။[1] ထို့ကြောင့်ပင် ပတ္တာသည် လွတ်လပ်ခြင်း ဒီဂရီ ရှိသည့် အရာတစ်ခုဖြစ်သည်။ ပတ္တာများကို ကွေးညွှတ်နိုင်သည့် သတ္တုများ သို့မဟုတ် ရွေ့လျားနိုင်သည့်အရာများဖြင့် ပြုလုပ်ထားသည်။ ဇီဝဗေဒဘာသာရပ်တွင် တံတောင်ဆစ်ကဲ့သို့သော အဆစ်အမြစ်များသည် ပတ္တာ၏အလုပ်လုပ်ပုံနှင့် သဏ္ဌာန်တူသည်။