![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/bc/Philknightfootball.jpg/640px-Philknightfootball.jpg&w=640&q=50)
ဖီးလ် နိုက်တ်
အမေရိကန် စီးပွားရေးသမား၊ စာရေးဆရာ / From Wikipedia, the free encyclopedia
ဖီလစ်ပ် ဟမ်ဆန် နိုက်တ် (အင်္ဂလိပ်: Philip Hampson "Phil" Knight) သည် ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး Nike,Inc. ၏ စတင်တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။ သူသည် ၂၀၀၄ ခုနှစ်တွင် ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီး ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌနေရာကိုသာ ဆက်လက်ထိန်းသိမ်းထားသည်။၂၀၁၀ ခုနှစ်တွင် Nike ရှိ တန်ဖိုးပေါင်း ယူအက်စ်ဒေါ်လာ ၁၁.၁ ဘီလီယံခန့်ရှိသော နိုက်တ်၏ ရှယ်ယာပိုင်ဆိုင်မှုများမှာ သူ့ကို U.S. တွင် ၂၃ ယောက်မြောက် အချမ်းသာ ဆုံးလူဖြစ်လာစေသည်။ Oregon တက္ကသိုလ်နှင့် Stanford စီးပွားရေးကျောင်းမှ ဘွဲ့ရလာသူဖြစ်သောကြောင့် သူသည် ထိုကျောင်း များကို မီလီယံဒေါ်လာပေါင်းရာကျော် လှူဒါန်းလေသည်။
Phil Knight | |
---|---|
![]() ၂၀၁၀ ခုနှစ်က တွေ့ရသော နိုက်တ် | |
မွေးဖွား | Philip Hampson Knight (1938-02-24) ဖေဖော်ဝါရီ ၂၄၊ ၁၉၃၈ (အသက် ၈၆) ပို့တလန်မြို့၊ အိုရီဂွန်ပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
နိုင်ငံသား | အမေရိကန် |
မိခင်ကျောင်း | အိုရီဂွန်တက္ကသိုလ် စတန်းဖို့ဒ် တက္ကသိုလ် |
အလုပ်အကိုင် | Nike, Inc.၏ဥက္ကဋ္ဌနှင့် တွဲဖက်တည်ထောင်သူ |
ကြွယ်ဝမှု | ![]() |
အိမ်ထောင်ဖက်(များ) | Penelope "Penny" Knight |
သားသမီး | Matthew Knight (၂၀၀၄ ကွယ်လွန်) Travis Knight Christina Knight |
မိဘ(များ) | William W. Knight Lota Hatfield Knight |
ဝက်ဘ်ဆိုဒ် | Nike Corporation |
နိုက်တ်သည် ၂၀၀၆ ခုနှစ်တွင် Stanford စီးပွားရေးကျောင်းသမိုင်းတွင် အကြီးကျယ်ဆုံးဖြစ်သည့် အလှူ အတန်းတစ်ခုကို လှူဒါန်းခဲ့သေးသည်။ Oregon မြို့သားဖြစ်သည်နှင့်အညီ သူသည် နောက်ပိုင်းတွင် Nike ကုမ္ပဏီကို အတူ တည်ထောင်သူဖြစ်ခဲ့သည့် Oregon တက္ကသိုလ်ရှိ နည်းပြ Bill Bowerman အတွက် အပြေးပြိုင်ခဲ့ သည်။