ဗီးဂ
ကြယ်စုတန်း လိုင်ရာရှိ ကြယ် / From Wikipedia, the free encyclopedia
ဗီးဂ သည် ကြယ်စုတန်း လိုင်ရာတွင် အတောက်ပဆုံး၊ ညဘက်ကောင်းကင်ယံတွင် ပဉ္စမမြောက် အတောက်ပဆုံး ကြယ်ဖြစ်ပြီး မြောက်ကမ္ဘာခြမ်းတွင်မူ အာကျူးရပ်ပြီးလျင် ဒုတိယအတောက်ပဆုံး ကြယ်ဖြစ်သည်။ ယင်းသည် အာကျူးရပ်၊ ဆိုင်ရပ်စ်တို့နှင့်အတူ ကမ္ဘာမြေနှင့် နီးကပ်သောကြယ်ဖြစ်ပြီး အလင်းနှစ် ၂၅ သာဝေးကွာသည်။ နေ၏ အိမ်နီးချင်းမှ အတောက်ပဆုံးသောကြယ်များထဲတွင် ပါဝင်လေသည်။ ဗီးဂအား နက္ခတ္တပညာရှင်များ အထူးဂရုပြုလေ့လာခဲ့ကြပြီး နေပြီးလျင် အတောက်ပဆုံးကြယ်ဟု အငြင်းပွားသည်အထိ ဖြစ်လာခဲ့သည်။[15] ခရစ်မပေါ်မီ နှစ်ပေါင်း ၁၂၀၀၀ ခန့်ကမူ ဗီးဂသည် ဓူဝံကြယ် ဖြစ်ခဲ့ပြီး နောင်နှစ်ပေါင်း ၁၃၇၂၇ ကြာပါက ထပ်မံဖြစ်လာပေမည်။[16] ကြယ်၏ ရောင်စဉ်အား မှတ်တမ်းတင်ရာတွင် ဗီးဂသည် ပထမဆုံး မှတ်တမ်းတင်ခံရသည့်ကြယ်ဖြစ်ခဲ့သည်။[17][18] ယင်းသည် ကြယ်အကွာအဝေးအား တိုင်းတာရာတွင် အသုံးပြုသည့် parallax နည်းဖြင့် ပထမဆုံး တိုင်းတာသည့် ကြယ်လည်းဖြစ်သည်။ ဗီးဂသည် မိမိတို့နေသက်တမ်း၏ ဆယ်ပုံတစ်ပုံခန့်သာလျင် ရှိသေးသည်။ သို့သော် ယင်း၏ နှစ်ဆခန့်ကြီးမားသော အရွယ်အစားနှင့် နှိုင်းယှဉ်ရသော် ကြယ်နှစ်စင်းလုံးသည် သူတို့၏ သက်တမ်းထက်ဝက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဗီးဂတွင် ဟီလီယမ်ထက် အမ်တမ်နံပါတ်ပိုမြင့်သည့် ဒြပ်စင်များ ရှိသည်။ [11] ဗီးဂအား မတည်မြဲသော ကြယ်ဟုလည်း သံသယထားခံရသည်။[19] ယင်း၏ စတီလာ လည်ပတ်မှုသည် အီကွေတာတွင် ၂၇၄ km/s ဖြင့် လျင်မြန်စွာ လည်ပတ်နေသည်။ ထိုကဲ့သို့ဖြစ်ရပ်သည် ဗဟိုခွာအားကြောင့် အီကွေတာအား အပြင်ဘက်သို့ ဖောင်းကားလာစေပြီး ရလဒ်အနေဖြင့် ကြယ်၏ ဖိုတိုစဖီးယားမှ အပူချိန်ပြောင်းလဲမှုအား အမြင့်ဆုံးဖြစ်စေသည်။ ကမ္ဘာမြေမှဆိုသော် ယင်း၏ ဝင်ရိုးစွန်းများမှတဆင့် လေ့လာရသည်။[20] အနီအောက်ရောင်ခြည် ထုတ်လွှတ်မှုအား အခြေခံကာ လေလာချက်များအရ ဗီးဂတွင် ကျူးပါး ခါးပတ်ကဲ့သို့ အချပ်ပြားတစ်ခု ရှိသည်။
စောင့်ကြည့်ဒေတာ Epoch J2000.0 Equinox J2000.0 | |
---|---|
ကြယ်စုတန်း | လိုင်ရာ |
အသံထွက် | /ˈviːɡə/ or /ˈveɪɡə/ |
ညာဘက် နိမ့်ဆင်းမှု | 18° 36′ 56.33635″[1] |
တိမ်းစောင်းမှု | +38° 47′ 01.2802″[1] |
ပကတိ အရွယ်အစား (V) | +0.026[2] (−0.02 - 0.07[3]) |
ဂုဏ်သတ္တိ | |
စတီလာ ပြောင်းလဲမှု | ပင်မအစီအစဉ်အတွင်းရှိကြယ် |
စတီလာ အမျိုးအစား | A0Va[4] |
U−B အရောင်ညွန်းကိန်း | 0.00[5] |
B−V အရောင်ညွန်းကိန်း | 0.00[5] |
မတည်မြဲသောကြယ် | Delta Scuti[6] |
နက္ခတ္တဗေဒ | |
ဗဟိုခွာအား အလျင် (Rv) | −13.9 ± 0.9[7] km/s |
သင့်လျော် ရွေ့လျားမှု (μ) | RA: 200.94[1] mas/yr Dec.: 286.23[1] mas/yr |
ပြောင်းလဲ တည်နေရာ (π) | 130.23 ± 0.36[1] mas |
အကွာအဝေး | ၂၅.၀၄ ± ၀.၀၇ ly (၇.၆၈ ± ၀.၀၂ pc) |
ပကတိ အရွယ်အစား (MV) | +0.582[8] |
အသေးစိတ် | |
ဒြပ်ထု | 2.135 ± 0.074[9] M☉ |
အချင်းဝက် | 2.362 × 2.818[9] R☉ |
တောက်ပမှု | 40.12 ± 0.45[9] L☉ |
မျက်နှာပြင် ဒြပ်ဆွဲအား(log g) | 4.1 ± 0.1[10] cgs |
သက်ရောက်သည့် အပူချိန် | 9,602 ± 180[11] (8,152–10,060 K)[9] K |
သတ္တုကြွယ်ဝမှု [Fe/H] | −0.5[11] dex |
လှည့်ပတ်အလျင် (v sin i) | 20.48 ± 0.11[9] km/s |
စတီလာ သက်တမ်း | 455 ± 13[9] Myr |
ကြယ် စာရင်း | |
ရည်ညွန်း ဒေတာ | |
SIMBAD | data |