မယ်လတိုနင်
သက်ရှိတို့တွင်တွေ့ရှိရသော ဟော်မုန်းတစ်မျိုး / From Wikipedia, the free encyclopedia
မယ်လတိုနင် (အင်္ဂလိပ်: melatonin) သည် တိရစ္ဆာန်၊ အပင်နှင့် အဏုဇီဝကောင် (microbe) တို့တွင် တွေ့ရသော ဟော်မုန်းတမျိုး ဖြစ်သည်။ [1][2][3] တိရစ္ဆာန်တို့တွင် တနေ့တာအတွင်းရှိသော မယ်လတိုနင်ပမာဏသည် အတိုးအလျော့ရှိ၏။ မယ်လတိုနင်သည် ကိုယ်ခန္ဓာ၏ တနေ့တာ ဇီဝဆိုင်ရာလုပ်ဆောင်ချက်တို့ကို ထိန်းကျောင်းသည်။ [4]
မယ်လတိုနင်ကို သွေး-ဦးနှောက်ခြားအကန့် (blood-brain barrier) အပြင်ဘက်ရှိ ပိုင်နီယယ်အရည်အိတ်မှ ထုတ်ပေးကာ သွေးထဲသို့ ပို့သည်။ [5] သွေးထဲရောက်လာသော မယ်လတိုနင်သည် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုး (anti-oxidant) ဖြစ်သည့်အတွက် မယ်လတိုနင်အာရုံရင်း (melatonin receptor) မှ ချက်ချင်း လက်ခံဆောင်ရွက်သည်။ [6][7]
မယ်လတိုနင်ကို ၁၉၅၈ ခုတွင် စတွေ့သည်။ [8] အမေရိကန်အစားအစာနှင့်ဆေးဝါးကြီးကြပ်ရေးက မယ်လတိုနင်ကို ဖြည့်စွက်စာအဖြစ် အသိအမှတ်ပြုထားပြီး ဆရာဝန်ဆေးညွှန်းမလိုဘဲ သဘောရှိ ဝယ်နိုင်သည်။ [9] ကနေဒါတွင်လည်း ထို့အတူပင်။ [10] ယူနိုက်တက်ကင်းဒမ်းတွင်မူ ဆရာဝန်ဆေးညွှန်းပါမှ ဝယ်ခွင့်ရသည်။ [11] အိပ်ရခက်သော အသက် ၅၄ နှစ်အထက်များကို၎င်း၊ အိပ်မရသော ကလေးနှင့်အရွယ်ရောက်ပြီးသူတို့ကို၎င်း ဆေးအဖြစ်ပေးရန် ဥရောပသမဂ္ဂက ၂၀၀၇ ခု၊ ဩစတေးလျက ၂၀၀၉ ခု အသီးသီး အသိအမှတ်ပြုပေးသည်။ [12][13][14]
မယ်လတိုနင်သောက်၍ အိပ်ပျော်စေသည်ဟူသောသက်သေ ခိုင်ခိုင်မရှိ။ [15] ၂၀၁၇ ခု စာရင်းတခုအရ ပုံမှန်ထက် ၆ မိနစ်စော၍ အိပ်ပျော်စေသော်လည်း အိပ်ချိန်ပမာဏကို တိုးစေကြောင်း မတွေ့ရ။ [16]