မဟာဝဇိရာလင်္ကရဏ
ရာမ ၁၀ / From Wikipedia, the free encyclopedia
မဟာဝဇိရာလင်္ကရဏ (သင်္သကရိုက်: Mahāvajirālaṅkaraṇa) သည် ထိုင်းနိုင်ငံ၏ ဘုရင်ဖြစ်သည်။ သူသည် ဘုရင်ဘူမိဗလ နှင့် မိဖုရား သီရိခေတ် တို့၏ တစ်ဦးတည်းသော သားတော်ဖြစ်သည်။ ၁၉၇၂ ခုနှစ် အသက်၂၀ အရွယ်တွင် အိမ်ရှေ့မင်းသားအဖြစ် ဘုရင်ဘူမိဗလမှ တင်မြှောက်ခဲ့သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၁၃ ရက်နေ့တွင် ခမည်းတော် နတ်ရွာစံပြီးနောက် ဘုရင်ဖြစ်လာခဲ့ပြီး နန်းသိမ်းပွဲအတွက်ကိုမူ အချိန်တစ်ခုစောင့်ဆိုင်းရန် သူကပြောခဲ့သည်။[1]
ဝဇိရာလင်္ကရဏ Vajiralongkorn | |||||
---|---|---|---|---|---|
ရာမ ၁၀ ဘုရင် | |||||
ထိုင်းနိုင်ငံဘုရင် | |||||
နန်းသက် | ၁၃ အောက်တိုဘာ ၂၀၁၆-လက်ရှိ | ||||
Coronation | ၄ မေ ၂၀၁၉ | ||||
ရှေ့မင်းဆက် | ဘူမိဗလအတုလျတေဇ (ရာမ၉) | ||||
ဆက်ခံရန် လျာထားသူ | ဒီပင်္ကရ ရံသိဇောတိ | ||||
ဘုရင်ခံ | ပရမ် တင်ဆူလန်နိုဒါ (2016) | ||||
ဝန်ကြီးချုပ် | See list
| ||||
မွေးဖွား | (1952-07-28) ၂၈ ဇူလိုင်၊ ၁၉၅၂ (အသက် ၇၁) အမ်ပွန်း သဒန် အိမ်တော်၊ ဒူဆစ်နန်းတော်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ | ||||
အိမ်ထောင်ဖက် | သိုမ်သာဝလီ (လက်ထပ် 1977; ကွာရှင်း 1991) ယုဝဓီတာ (လက်ထပ် 1994; ကွာရှင်း 1996) သီရိရံသိ သုဝတီ (လက်ထပ် 2001; ကွာရှင်း 2014) ဆုသီတာ (လက်ထပ် 2019) ဆုသီတာ (လက်ထပ် 2019) နိရမလဖွမ်းဖြောင် (လက်ထပ် 2019; ကွာရှင်း 2019) | ||||
သားသမီးများ | စုံသဝလီနှင့်: ဝဇိရကိတိယာဘာ ယုဝဓီတာနှင့်: ဒီပင်္ကရ ရံသိဇောတိ | ||||
| |||||
စံအိမ် | မဟီတလ (ချက္ကရီမင်းဆက်) | ||||
ခမည်းတော် | ဘူမိဗလအတုလျတေဇ (ရာမ၉) | ||||
မယ်တော် | သီရိခေတ် | ||||
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ | ||||
လက်မှတ် |
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ပလ္လင်ကို သိမ်းပိုက်ခဲ့သည်။ သူ၏ ခမည်းတော်ကို ၂၀၁၇ခုနှစ် အောက်တိုဘာ ၂၆ရက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့သည်။[2][3][4]သူ၏ နန်းသိမ်းဘိသိတ်ပွဲကို ၂၀၁၉ခုနှစ် မေလ ၄ရက်မှ ၅ရက်အထိကျင်းပခဲ့သည်။ [5] ဘုရင်ဖြစ်ချိန် ၂၀၁၆ ခုနှစ်က သက်တော် ၆၁ နှစ်ရှိပြီဖြစ်၍ သူသည် နန်းတက်ချိန်တွင် အသက်အကြီးဆုံး ထိုင်းဘုရင် ဖြစ်လာခဲ့သည်။