လိင်တူစုံမက်ခြင်း
From Wikipedia, the free encyclopedia
လိင်တူစုံမက်ခြင်း (Homosexuality) ဆိုသည်မှာ လိင်တူနှစ်ယောက်ဖြစ်ကြသည့် အမျိုးသားနှစ်ယောက်အကြား (သို့) အမျိုးသမီးနှစ်ယောက်အကြား ချစ်သူအဖြစ်စုံမက်ခြင်း၊ လိင်ဆက်ဆံရန် စိတ်ဝင်စားခြင်းမှတဆင့် လိင်ဆက်ဆံရန် အပြုအမူပြုလုပ်ခြင်းများကို ဆိုလိုခြင်းဖြစ်သည်။"[1][2]လိင်တူဆက်ဆံခြင်းဆိုသည်မှာ လိင်ဆက်ဆံရာ အဓိက (၃) မျိုးထဲမှ တစ်ခုဖြစ်ပြီး လိင်တူလိင်ကွဲ နှစ်မျိုးလုံးဆက်ဆံသူနှင့် လိင်ကွဲဆက်ဆံသူ၊ ၎င်းတို့အကြားတွင် လိင်ဆက်ဆံမှု လုံးဝမရှိသူများလည်း ရှိသည်။ သိပ္ပံ နှင့် ဆေးပညာနားလည်မှုများအရ မည်သူနှင့် လိင်ဆက်ဆံမည်ဆိုသည်မှာ ရွေးချယ်မှုတစ်ခုမဟုတ်ဘဲ လွန်စွာရှုပ်ထွေးသော ဇီဝဗေဒနှင့် သဘာဝပတ်ဝန်းကျင် အချက်အလက်များနှင့် သက်ဆိုင်နေသည်ဟု ဆိုသည်။ [1][3] လိင်တူဆက်ဆံမှုများအား သဘာ၀မကျခြင်းနှင့် မူမမှန်သော ပြုရပ်များဟူ၍ ပြောဆိုကြသူများရှိနေသော်လည်း၊[4]သုသေသန စမ်းသပ်ချက်များအရ လိင်တူဆက်ဆံခြင်းမှာ လူသားတို့၏ လိင်ဆက်ဆံရန် ဇီဝပြောင်းလဲခြင်းတစ်မျိုးဖြစ်ပြီး စိတ်ဝေဒနာအရ ဖောက်ပြန်ဖြစ်ပေါ်လာခြင်းမဟုတ်ဟု တွေ့ရှိရသည်။ [1][5] အခြေအမြစ်မရှိသော တွေးခေါ်ထင်မြင်ချက်များနှင့် တန်းတူညီမျှဆက်ဆံမှုမရှိခြင်းများကြောင့် လိင်တူဆက်ဆံသူများနှင့် လိင်တူလိင်ကွဲဆက်ဆံသူများတွင် စိတ်ဝေဒနာ ခံစားရနိုင်ခြင်းမျိုး ရှိသည်။ [6][5]
မြန်မာနိုင်ငံတွင် ကာယကံရှင် လိင်တူဆက်ဆံသူများအပေါ် ပတ်ဝန်းကျင်မှ ခွဲခြားခေါ်ဝေါ်ခြင်းအမျိုးမျိုးရှိသော်လည်း နိုင်ငံတကာတွင် အများအားဖြင့် အမျိုးသမီးများဖြစ်လျှင် လက်စဘီယံ (lesbian) အမျိုးသားများကိုဂေး (gay) ဟုခေါ်လေ့ရှိသော်လည်း၊ ဂေးကို အမျိုးသားရော အမျိုးသမီးရောပါ ပုံမှန်အားဖြင့် ကိုယ်စားပြုခေါ်ဝေါ်ကြသည်။ မိမိကိုယ်ကို မိမိ ဂေး (သို့) လက်စဘီယံဟု ပြောဆိုသူများသည် လိင်တူဆက်ဆံသည့် အတွေ့အကြုံရှိခဲ့သူများဖြစ်ကြပြီး အကြောင်းအမျိုးမျိုးကြောင့် သူတေသီများအတွက် ယနေ့တိုင် တိကြစွာ အချက်အလက်ကောက်ယူရန် ခက်ခဲဆဲဖြစ်သည်။[7] အထူးစုံစမ်းလေ့လာချက်အရ (၂) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းရှိ လူဦးရေသက်တမ်းတလျောက်တွင် လိင်တူဆက်ဆံမှုပုံစံမျိုးသဖွယ် ဆက်ဆံမှုမျိုးရှိခဲ့သည်။.[8][9][10][11][12][13][14][15][16] ၂၀၀၆ခုနှစ် လေ့လာစမ်းစစ်မှုတစ်ခုတွင် အမည်မဖော်လိုသူ ၂၀%တို့မှ လိင်တူဆက်ဆံရန် စိတ်ခံစားမှုတချို့ဖြစ်ပေါ်ခဲ့သည်ဟု ဖွင့်ဟခဲ့သော်လည်း၊ ၂-၃%သည် လိင်တူဆက်ဆံသူများဖြစ်သည်ဟု ဝင်ခံပြောဆိုကြသည်။[17] လိင်တူဆက်ဆံခြင်း အပြုအမူမျိုးကို လူသားတမျိုးထဲတွင် တွေ့ရှိရခြင်း မဟုတ်ဘဲ လူသားမဟုတ်သည့် တရိစ္ဆာန်များတွင်လည်း တွေ့ရှိနိုင်သည်။[18][19][20][21][22]
လိင်တူဆက်ဆံသူများသည် ဘဝကြင်ဖော်များအဖြစ် ခံယူကြသူများရှိပြီး လက်တလောတွင်သာ နိုင်ငံရေးအဆင့်အထိ ၎င်းတို့၏တည်ရှိပုံနှင့် ရပ်တည်နိုင်ပုံကို လက်ခံလာကြခြင်းဖြစ်သည်။ [23][24][25][26][27][28][29][30][31][32] ၎င်းလိင်တူဘဝပေါင်းဖော်များကိုကြည့်လျင် စိတ်ခံစားမှုအရ လိင်ကွဲဇနီးမောင်နှံများအတိုင်းဖြစ်သည်။ [2] လိင်တူဘဝပေါင်းဖော်များကို သမိုင်းတလျှောက်တွင် ပုံစံအမျိုးမျိုးနှင့် သက်ရောက်ပုံအမျိုးမျိုးပေါ်မူတည်၍ အသိအမှတ်ပြုလက်ခံသူများရှိခဲ့ပြီး၊ ကန့်ကွက်ရှုံ့ချသူများလည်းရှိခဲ့သည်။ [33] ၁၉ရာစုနှစ်ခန့်မှစ၍ ကမ္ဘာနှင့်ချီကာ LGBT ဆန္ဒထုတ်ဖော်မှုများ၊ တရားဥပဒေဘောင်အတွင်း အသိအမှတ်ပြုစေရန် ဆောင်ရွက်ခြင်းနှင့် လူအများသိစေရန် ပညာပေးထုတ်ဖော်ပြောဆိုခြင်းများပြုလုပ်၍ LGBT များအတွက် လက်ထပ်ပိုင်ခွင့်နှင့် အတူပေါင်းသင်းနေထိုင်ခွင့်များ၊ ကလေးမွေးစားခွင့်များ၊ ကလေးအုပ်ထိန်းခွင့်များ၊ အလုပ်ခွင်တွင် တန်းတူညီတူဆက်ဆံရေးများ၊ ကျန်းမာရေးထောက်ပံ့မှု တန်းတူညီတူရရှိစေရေးများ၊ မည်သည့်လိင် စိတ်ဝင်စားသည်ကို မခွဲခြားဘဲ စစ်မှုထမ်းခွင့်များ၊ နှိပ်ကွပ်ဆက်ဆံခြင်းမျိုး ပပျောက်စေရန်နှင့် အကာအကွယ်ပေးနိုင်ရန် စတင်လုပ်ဆောင်ခဲ့ကြသည်။