လီစာစူး
From Wikipedia, the free encyclopedia
ဒေါက်တာလီစာစူး (၁၉၆၉-ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် မွေးဖွားသည့်) ထိုင်ဝမ်မွေး[4] အမေရိကန် လုပ်ငန်းအမှုဆောင်အရာရှိချုပ်နှင့် လျှပ်စစ်အင်ဂျင်နီယာဖြစ်သည်။ သူမသည် အေအဲမ်ဒီ (AMD) လုပ်ငန်းအမှုဆောင်အရာရှိချုပ်လည်းဖြစ်၊ ဥက္ကဋ္ဌလည်း ဖြစ်သည်။ သူမသည် အသက်မွေးဝမ်းကျောင်းမှုအစပိုင်းတွင် Texas Instruments၊ IBM နှင့် Freescale Semiconductor တို့တွင် အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများတွင် လည်းကောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများတွင် လည်းကောင်း လုပ်ကိုင်ခဲ့သည်။[2][5][6] သူမသည် အိုင်ဘီအဲမ် (IBM) ၏ တပိုင်းလျှပ်ကူး(semiconductor) သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၏ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် လျှပ်ကာခွဆီလီကွန် (silicon-on-insulator သို့မဟုတ် SOI)ဟုခေါ်သည့် တပိုင်းလျှပ်ကူးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ[7]နှင့် ပိုမိုထိရောက်သော တပိုင်းလျှပ်ကူးချစ်ပ်များ (semiconductor chips)[8] တိုးတက် ချဲ့ထွင်ဖြစ်ပေါ်လာစေခြင်းများကြောင့် လူသိများသည်။[9]
ဒေါက်တာလီစာစူး (Dr. Lisa Su) | |
---|---|
၂၀၁၃-ခုနှစ်မှ ဒေါက်တာလီစာစူး၏ပုံ | |
မွေးဖွား | Lisa Tzwu-Fang Su (1969-11-07) ၇ နိုဝင်ဘာ၊ ၁၉၆၉ (အသက် ၅၄) ထိုင်ဝမ်၊ ထိုင်နန်မြို့ (Tainan) |
ပညာရေး | မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (MIT) (BS၊ MS၊ PhD) |
ကျော်ကြားမှုအရင်းခံ | တပိုင်းလျှပ်ကူး(semiconductor) ဒီဇိုင်း၊ လျှပ်ကာခွဆီလီကွန် (silicon-on-insulator သို့မဟုတ် SOI) ဒီဇိုင်း |
ဘွဲ့ | အေအဲမ်ဒီ (en:AMD)၏ လုပ်ငန်းအမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ (၂၀၁၄-လက်ရှိ) |
အိမ်ထောင်ဖက်(များ) | Daniel Lin[1][2] |
ရရှိသည့်ဆုများ | စာရင်း[3]
|
လီစာစူး | |||||||||||
ရိုးရာ တရုတ် | 蘇姿丰 | ||||||||||
---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 苏姿丰 | ||||||||||
|