ဝါးတားဗတ်တောဆိတ်
From Wikipedia, the free encyclopedia
ဝါးတားဗတ်တောဆိတ်သည် အာဖရိကတိုက်၊ ဆဟာရသဲကန္တာရ၏ အောက် ဖက်ရှိဒေသများတွင် ကျယ်ပြန့်စွာတွေ့ရသော တောဆိတ် (အန်တီလုပ်) တစ်မျိုး ဖြစ်သည်။ ကိုယ်အရွယ်အစား ကြီးမား၍ ခွန်အားကောင်းသည်။ ယင်း၌ အမွေးကြမ်းရှည်များရှိသည်။ ထိုတောဆိတ်မျိုး၌ အဖိုတွင်သာ ဦးချိုပေါက်သည်။ ဦးချိုတွင် ကွင်းများရှိ၏။ ဦးချိုသည် ပထမတွင် နောက်ဘက်သို့ကောက်၍ အဖျားနားတွင် တစ်ဖန် ရှေ့ဘက်သို့လန်လျက်ရှိသည်။ အုပ်ဖွဲ့ကာ ရေထဲတွင် ဒူးဆစ်နစ်သည်အထိနေ၍ ရေထဲမှအပင်များကို စားသောက်လေ့ရှိကြ သည်။ ထိုတောဆိတ်မျိုးကို ရေနှင့်တစ်မိုင်ကျော်မျှဝေးရာအရပ်ရှိ မတ်စောက်သည့် ကျောက်တောင်များတွင် တွေ့ရတတ်သည်။[2]
အချက်တိုများ ဝါးတားဗတ်တောဆိတ် (Waterbuck), ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
ဝါးတားဗတ်တောဆိတ် (Waterbuck) | |
---|---|
Male K. e. defassa en:Queen Elizabeth National Park, Uganda | |
Female K. e. ellipsiprymnus Chobe National Park, Botswana | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
မျိုးရင်း: | Bovidae |
မျိုးရင်းသေး: | Reduncinae |
မျိုးစု: | Kobus |
မျိုးစိတ်: | K. ellipsiprymnus |
ဒွိနာမ | |
Kobus ellipsiprymnus (Ogilby, 1833) | |
မျိုးစိတ်ခွဲ | |
မျိုးစိတ်ခွဲများ | |
Distribution of subspecies of waterbuck |
ပိတ်ရန်