ဝေါလ်မတ်
From Wikipedia, the free encyclopedia
ဝေါလ်မတ် အင့် သည် အမေရိကန်ပိုင် နိုင်ငံတကာ လက်လီရောင်းချရေး ကော်ပိုရေးရှင်း တစ်ခု ဖြစ်ပြီး ဟိုက်ပါမတ်ကက်များ၊ လျှော့ဈေး ဒီပတ်မန့် စတိုးများ နှင့် ကုန်စုံဆိုင်များကို ဆိုင်ခွဲပေါင်းများစွာဖြင့် လည်ပတ်လုပ်ကိုင်နေသော လုပ်ငန်းတစ်ခု ဖြစ်သည်။ [6] ရုံးချုပ်မှာ အာကင်ဆောပြည်နယ်၊ ဘန်တွန်ဗီးလ်တွင်ရှိပြီး ထိုကုမ္ပဏီအား ဆမ်ဝေါလ်တန်မှ ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ ၁၉၆၉ ခုနှစ် အောက်တိုဘာ ၃၁ ခုနှစ်တွင် ကုမ္ပဏီ အဖြစ် ဖွဲ့စည်းခဲ့သည်။ ၎င်းသည် ဆမ်ကလပ် လက်လီ ကုန်လှောင်ရုံများကိုလည်း လည်ပတ်လုပ်ကိုင်နေသည်။ [7][8]၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ တွင် ဝေါလ်မတ်တွင် စတိုးဆိုင်နှင့် ကလပ်ပေါင်း ၁၁,၇၁၈ ခု ရှိပြီး နိုင်ငံပေါင်း ၂၈ ခုတွင် နာမည် ၅၉ ခုဖြင့် လုပ်ကိုင်လည်ပတ်လျက် ရှိသည်။ [1][2][9] ကုမ္ပဏီသည် အမေရိကန်နှင့် ကနေဒါတွင် ဝေါလ်မတ် အမည်ဖြင့်လည်းကောင်း၊ မက္ကဆီကိုနိုင်ငံနှင့် အလယ်အမေရိက တွင် ဝေါလ်မတ် ဒီ မက္ကဆီကို စန်ထရို အမေရိကား အဖြစ် လည်းကောင်း၊ ယူနိုက်တက် ကင်းဒမ်းတွင် အက်စ်ဒါ အမည်ဖြင့်လည်းကောင်း၊ ဂျပန်တွင် ဆေးယု ဂရု အမည်ဖြင့်လည်းကောင်း အိန္ဒိယနိုင်ငံတွင် ဘက်စ်ပရိုက်စ် အမည်ဖြင့်လည်းကောင်း လုပ်ကိုင်လည်ပတ်နေသည်။ ထို့ပြင် အာဂျင်တီးနား၊ ချီလီ၊ ဘရာဇီး နှင့် ကနေဒါနိုင်ငံတို့တွင်လည်း အပြည့်အဝ ပိုင်ဆိုင်သော လုပ်ငန်းများ ရှိသည်။
၂၀၀၈ ခုနှစ်မှ စတင်အသုံးပြုခဲ့သော ဝေါလ်မတ်၏ လိုဂို | |
အာကင်ဆောပြည်နယ် ဘန်တွန်ဗီးလ်ရှိ ဝေါလ်မတ် ဌာနချုပ် | |
အမျိုးအစား | အများပိုင် |
---|---|
လုပ်ငန်း | လက်လီရောင်းဝယ်ရေးလုပ်ငန်း |
တည်ထောင်သည့်နှစ် |
|
တည်ထောင်သူများ | ဆမ် ဝေါ်လ်တန် |
ဌာနချုပ် | ဘန်တွန်ဗီးလ်၊ အာကင်ဆောပြည်နယ်၊ အမေရိကန်ပြည်ထောင်စု |
တည်နေရာ | တကမ္ဘာလုံးတွင် စတိုး ၁၁,၇၁၉ ခု(January 31, 2018)[1][2] |
ဝန်ဆောင်မှု ဧရိယာ | တကမ္ဘာလုံး |
အရေးပါ ပုဂ္ဂိုလ်များ |
|
ထုတ်ကုန်ပစ္စည်း |
|
ဝန်ဆောင်မှု |
|
ဝင်ငွေ | US$၅၀၀.၃၄ ဘီလီယံ (၂၀၁၈)[3] |
အခွန်မဆောင်မီ ဝင်ငွေ | US$၂၀.၄၃၇ ဘီလီယံ (၂၀၁၈)[3] |
အသားတင် ဝင်ငွေ | US$၉.၈၆၂ ဘီလီယံ (၂၀၁၈)[3] |
ရင်းနှီးမြှုပ်နှံမှု | US$၂၀၄.၅၂ ဘီလီယံ (၂၀၁၈)[3] |
စုစုပေါင်း ရှယ်ယာတန်ဖိုး | US$၇၇.၈၆၉ ဘီလီယံ (၂၀၁၈)[3] |
ပိုင်ရှင်များ | ဝေါ်လ်တန် မိသားစု (51%) |
အလုပ်သမားဦးရေ |
|
ဌာနခွဲများ |
|
ကုမ္ပဏီခွဲ |
|
ဝက်ဘ်ဆိုက် | |
ကိုးကား [5] |
ဝေါလ်မတ်သည် ၂၀၁၆ ခုနှစ် ဖော်ကျွန်း မဂ္ဂဇင်း၏ နိုင်ငံတကာ အကြီးဆုံး ကုမ္ပဏီ ၅၀၀ စာရင်း အရ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄၈၀ ဘီလီယံဖြင့် ကမ္ဘာပေါ်တွင် ဝင်ငွေအရ အကြီးမားဆုံးသော ကုမ္ပဏီဖြစ်ပြီး ဝန်ထမ်းပေါင်း ၂.၃ သန်းဖြင့် ကမ္ဘာပေါ်တွင် အကြီးဆုံးသော အလုပ်ရှင် ဖြစ်သည်။ ထိုကုမ္ပဏီအား ဝေါ်လ်တန်ကုမ္ပဏီမှ ထိန်းချုပ်ထားပြီး အများနှင့် ဆိုင်ရာတွင် ရှယ်ယာ အရောင်းအဝယ်ပြုသော ကုမ္ပဏီ ဖြစ်သည်။ ဆမ်ဝေါ်လ်တန် ၏ အမွေကို ဆက်ခံသူများသည် ကုမ္ပဏီ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ဦးပိုင်ကုမ္ပဏီ ဖြစ်သော ဝေါ်လ်တန်အင်တာပရိုက်စ်မှ လည်းကောင်း တစ်ဦးချင်း ပိုင်ဆိုင်မှု အရလည်းကောင်း ပိုင်ဆိုင်ကြသည်။ [10] ဝေါလ်မတ်သည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်၏ အကြီးဆုံးသော လက်လီ ကုန်စုံရောင်းဝယ်သူ ဖြစ်ပြီး ဝေါလ်မတ်၏ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၇၈.၆၁၄ ဘီလီယံ၏ ၆၂.၃ ရာခိုင်နှုန်းသည် အမေရိကန် အခြေစိုက်လုပ်ငန်းမှ ရရှိခြင်း ဖြစ်သည်။