အက်ဒွင် ဟပ်ဘယ်
အမေရိကန်လူမျိုး နက္ခတ္တပညာရှင် / From Wikipedia, the free encyclopedia
အက်ဒွင် ဟပ်ဘယ် (နိုဝင်ဘာ ၂ဝ၊ ၁၈၈၉ - စက်တင်ဘာ ၂၈၊ ၁၉၅၁)[1] သည် အမေရိကန်လူမျိုး နက္ခတ္တပညာရှင်ဖြစ်ပြီး ကျယ်ပြောသည့် နက္ခတ္တဗေဒနယ်ပယ်တွင် အရေးပါသည့်အခန်းမှ ပါဝင်ခဲ့သူဖြစ်သည်။ သူအား ၂ဝ ရာစု၏ အရေးပါဆုံး စကြဝဠာဗေဒပညာရှင်ဟု ယေဘုယျအားဖြင့် သတ်မှတ်သည်။ ကမ္ဘာမြေမှ ဝေးကွာလာသည်နှင့်အမျှ ဂယ်လက်ဆီများသည် အရှိန်ပိုလာသည်ဆိုသော စကြဝဠာပြန့်ကားလာမှု [2]တနည်း ဟာဗေနိယာမ အဖြစ် လူသိများသည်။ ထို့အပြင် နဂါးငွေ့တန်း ဂယ်လက်ဆီအလွန်မှ နက်ဗျူလာများသည် တကယ်တမ်းတွင် ဂယ်လက်ဆီများဖြစ်ကြသည်ဟု သက်သေထူသည့်အတွက် ဟာဘယ်အား လူသိများကြသည်။[3]
အချက်တိုများ အက်ဒွင် ဟပ်ဘယ်, မွေးဖွား ...
အက်ဒွင် ဟပ်ဘယ် | |
---|---|
ဖိုင်:Edwin-hubble.jpg | |
မွေးဖွား | Edwin Powell Hubble (1889-11-20)နိုဝင်ဘာ ၂၀၊ ၁၈၈၉ Marshfield, Missouri |
ဆုံးပါး | စက်တင်ဘာ ၂၈၊ ၁၉၅၃(1953-09-28) (အသက် ၆၃) ဆန်မာရီနိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု။ |
နေထိုင်ရာ | အမေရိကန် |
နိုင်ငံလူမျိုး | အမေရိကန်လူမျိုး |
နယ်ပယ် | နက္ခတ္တဗေဒ |
အဖွဲ့အစည်းဌာန | ချီကာဂို တက္ကသိုလ် Mount Wilson Observatory |
မိခင်ကျောင်း | ချီကာဂို တက္ကသိုလ် အောက်စ်ဖိုဒ် တက္ကသိုလ် |
ကျော်ကြားမှုအရင်းခံ | Hubble sequence |
သူ၏ဩဇာလွှမ်းမိုးခံ | Allan Sandage |
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | Newcomb Cleveland Prize ၁၉၂၄ Bruce Medal ၁၉၃၈ Franklin Medal ၁၉၃၉ Gold Medal of the Royal Astronomical Society ၁၉၄၀ Legion of Merit ၁၉၄၆ |
လက်မှတ် |
ပိတ်ရန်