အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်
အာကာသအခြေစိုက် အမေရိကန်တပ်မတော်တပ်ဖွဲ့ခွဲ / From Wikipedia, the free encyclopedia
အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်သည် အာကာသအခြေစိုက် အမေရိကန်တပ်မတော်၏ တပ်ဖွဲ့ခွဲတစ်ခုဖြစ်ပြီး လက်ရှိသီးသန့်အာကာသတပ်မတော်တစ်ခုလည်းဖြစ်သည်။[7] အမေရိကန်လေတပ်နှင့်အတူ အာကာသတပ်မတော်သည်လည်း လေတပ်မတော်ဌာန၏ လက်အောက်၌ပါဝင်ရာ လေတပ်မတော်အတွင်းရေးမှူးက ကြီးကြပ်သည်။ အဆိုပါအတွင်းရေးမှူးသည် ကာကွယ်ရေးဝန်ကြီးထံ အစီရင်ခံရပြီး အထက်လွှတ်တော်၏ အတည်ပြုချက်ဖြင့် သမ္မတကခန့်အပ်ထားသော အရပ်သားနိုင်ငံရေးရာထူးဖြစ်သည်။[8] အာကာသစစ်ဆင်ရေးမှူးချုပ်သည် အာကာသတပ်မတော်၏ အကြီးအကဲဖြစ်ပြီး ရာထူးအကြီးဆုံးအရာရှိလည်းဖြစ်သည်။ အာကာသစစ်ဆင်ရေးမှူးချုပ်သည် အာကာသတပ်မတော်၏ တပ်ဖွဲ့များအားလုံးကို ကြီးကြပ်ကွပ်ကဲပြီး ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (Joint Chiefs of Staff) တွင်လည်း အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်သည်။
အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော် United States Space Force | |
---|---|
တံဆိပ်တော် ဒယ်လ်တာအမှတ်အသား | |
တည်ထောင် | ၂၀ ဒီဇင်ဘာ ၂၀၁၉; ၄ နှစ် အကြာက (၂၀၁၉-၁၂-20) |
နိုင်ငံ | အမေရိကန် |
တပ် အမျိုးအစား | အာကာသတပ်မတော် |
အခန်းကဏ္ဍ |
|
တပ် အရွယ်အစား | |
အစိတ်အပိုင်း | အမေရိကန်ပြည်ထောင်စု တပ်မတော် လေတပ်မတော်ဌာန |
ဌာနချုပ် | ပင်တဂွန် စစ်ဌာနချုပ် အာလင်တန်ခရိုင်၊ ဗာဂျီးနီးယား၊ အမေရိကန်ပြည်ထောင်စု[4] |
ဆောင်ပုဒ် |
|
စစ်ချီတေး | Semper Supra[6] |
နှစ်ပတ်လည်များ | ၂၀ ဒီဇင်ဘာ |
ကိရိယာများ |
|
ဝက်ဘ်ဆိုဒ် | spaceforce.mil spaceforce.com |
အုပ်ချုပ်သူများ | |
စစ်သေနာပတိချုပ် | နိုင်ငံတော်သမ္မတ ဂျိုး ဘိုင်ဒင် |
ကာကွယ်ရေးဝန်ကြီး | လွိုက် အော်စတင် |
လေတပ်မတော် အတွင်းရေးမှူး | ဖရန့် ကန်ဒေါ ၃ |
အာကာသစစ်ဆင်ရေးမှူးချုပ် | ဗိုလ်ချုပ်ကြီး ဘရက်ဒလေ ချန့်စ် ဆော့ဇ်မန်း |
ဒုတိယအာကာသစစ်ဆင်ရေးမှူးချုပ် | ဗိုလ်ချုပ်ကြီး ဒေးဗစ် ဒီ သော်မဆင် |
အာကာသတပ်မတော်၏ တပ်ကြပ်မှူးကြီး | CMSSF ရော်ဂျာ အေ တိုဘာမန်း |
အဆောင်အယောင်များ | |
အလံတော် | |
Delta, Globe, and Orbit | |
လက်မောင်းတံဆိပ် |
အာကာသတပ်မတော်၏ မူလဇစ်မြစ်သည် စစ်အေးကာလအစ၌ ခြေရာခံရာ ၁၉၄၅ ခုနှစ်တွင် ကြည်း-လေတပ်မတော်သည် အာကာသဆိုင်ရာတို့ကို စတင်ဆောင်ရွက်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဘားနက် ရှရီဗာသည် တပ်မတော်အတွင်း၌ အာကာသဆိုင်ရာအတွက် အဖွဲ့စည်းတစ်ခုကို စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ အာကာသစနစ် စစ်ဌာနချုပ်အဖြစ်တည်ရှိသည်။[9][10] စစ်ဘက်ဆိုင်ရာ အာကာသတပ်ဖွဲ့များကို လေတပ်မတော်၏ စစ်ဌာနချုပ်များအဖြစ် ဖွဲ့စည်းခဲ့ရာမှ နောက်ပိုင်းတွင် လေတပ်အာကာသစစ်ဌာနချုပ်သို့ ပေါင်းစည်းခဲ့သည်။ အာကာသတပ်မတော်သည် ဗီယက်နမ်စစ်ပွဲအတွင်း တိုက်ခိုက်ရေးထောက်ပံ့မှု စစ်ဆင်ရေးများကို ပထမဆုံးစတင်လုပ်ဆောင်ခဲ့သည်။ အာကာသတပ်မတော်ကို ပထမဆုံးသော အဓိကအသုံးချမှုမှာ ပင်လယ်ကွေ့စစ်ပွဲတွင်ဖြစ်သည်။ ယင်းအာကာသတပ်သည် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့အတွက် အလွန်အရေးကြီးကြောင်း သက်သေပြခဲ့ရာ တစ်ခါတစ်ရံထိုစစ်ပွဲကို ပထမ"အာကာသစစ်ပွဲ" ဟုလည်း ခေါ်ဆိုကြသည်။
အာကာသတပ်မတော် ဖွဲ့စည်းရေးအတွက် ပထမဆုံးအကြိမ် ဆွေးနွေးမှုများသည် ၁၉၅၈ ၌ဖြစ်ပြီး ၁၉၈၂ တွင်လည်း သမ္မတရော်နယ် ရေဂင်သည်လည်း အဆိုပါကိစ္စအတွက် ထည့်သွင်းစဉ်းစားခဲ့သည်။ ၂၀၀၁ ခုနှစ် အာကာသကော်မရှင်သည် ၂၀၀၇ နှင့် ၂၀၁၁ ခုနှစ်များအကြားတွင် အာကာတပ်ခွဲများ (Space Corps) ဖန်တီးရန်အတွက် တောင်းဆိုခဲ့ပြီး ၂၀၁၇ တွင် အမေရိကန် ကွန်ဂရက်လွှတ်တော်၌လည်း ထိုကိစ္စအတွက် ပါတီနှစ်ဖွဲ့ပေါင်း၍ အဆိုပြုခဲ့ကြသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်အက်ဥပဒေကို အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး လေတပ်အာကာသစစ်ဌာနချုပ်နှင့် အခြားလေတပ်အာကာသဆိုင်ရာ အစိတ်အပိုင်းများကိုစုပေါင်း၍ အမေရိကန်ပြည်ထောင်စု အာကာသတပ်မတော်အဖြစ် ဖွဲ့စည်းခဲ့သည်။