![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/c1/ECGcolor.svg/langmy-640px-ECGcolor.svg.png&w=640&q=50)
အီးစီဂျီ
From Wikipedia, the free encyclopedia
အီလက်ထရို ကာဒီယိုဂရပ်ဖီ (electrocardiography) သို့မဟုတ် အီးစီဂျီ - ECG ဆိုသည်မှာ အချိန်ကာလ တစ်ခုအတွင်း နှလုံး၏ လှုပ်ရှားမှု ပုံသဏ္ဌာန်ကို ခြေလက်များ နှင့် ရင်ဘတ်ကို ကြိုးများဖြင့် ချိတ်ဆက်ကာ စက္ကူပေါ်တွင် အပူဓာတ်ကြောင့်ဖြစ်ပေါ်လာသော လျှပ်စစ်လှိုင်းတွန့်ပုံများအား အဓိပ္ပာယ်ပြန်ဆိုခြင်းကို ခေါ်ဆိုသည်။ ထိုသို့ အဓိပ္ပာယ် ပြန်နိုင်ရန် အတွက် အီလက်ထရုတ်များကို အရေပြားပေါ်တွင် တွဲချိတ်ထားပြီး ပြင်ပမှ ကိရိယာဖြင့် ဆစ်ဂနယ်လှိုင်းများကို ဖမ်းယူရသည်။ ထိုသို့ ခန္ဓာကိုယ်ကို ခွဲစိတ်ရန် မလိုဘဲ နှလုံးလှိုင်းများ ဖမ်းယူခြင်းကို အီးစီဂျီ ECG သို့မဟုတ် အီးကေဂျီ EKG (ဂျာမန် အခေါ်ဝေါ်) ဟု ခေါ်လေ့ ရှိသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/c/c1/ECGcolor.svg/640px-ECGcolor.svg.png)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/a2/12_lead_ECG_of_a_26_year_old_male.jpg/640px-12_lead_ECG_of_a_26_year_old_male.jpg)
အီလက်ထရို-ကာဒီယို-ဂရပ်ဖီ ဆိုသည်မှာ ဂရိဘာသာစကား အီလက်ထရို (လျှပ်စစ်) ကာဒီယို (နှလုံး) နှင့် ဂရပ်ဖ် (ရေးသားရန်) စသည့် စကားတို့မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အင်္ဂလိပ်စကားပြော နိုင်ငံများတွင်လည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများမှ အီးအီးဂျီ နှင့် မရောထွေးစေရန် အတွက် ရံဖန်ရံခါ အီးကေဂျီဟု ရေးသားလေ့ ရှိသည်။
ပုံမှန်အားဖြင့် အီးစီဂျီကို ရောဂါရှာဖွေရန် နှင့် သုတေသနပြုလုပ်ရန် အတွက် လူသားတို့၏ နှလုံးကို တိုင်းတာရန် သုံးလေ့ ရှိသည်။ သို့သော်လည်း သုတေသန လုပ်ငန်းများတွင်မူ တိရစ္ဆာန်များကိုလည်း အီးစီဂျီ ရိုက်လေ့ ရှိသည်။