ဦးဘွန်းတု
ကွန်ပျူတာစနစ်တစ်ခု / From Wikipedia, the free encyclopedia
ဦးဘွန်းတု (အင်္ဂလိပ်: Ubuntu) (အင်္ဂလိပ် အသံထွက်: /ʊˈbuːntʊ/ uu-BOON-tuu) သည် လင်းနပ်စ် အခြေခံ ဒီဘီယန်း မှ ခွဲထွက်လာသော ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် တစ်ခုဖြစ်သည်။ ဦးဘွန်းတုသည် သာမန် ကွန်ပျူတာသုံးစွဲသူများအတွက် လွယ်ကူစွာ သွင်းယူ၍ အသုံးပြုနိုင်စေရန်နှင့် ခေတ်မီပြီး တည်ငြိမ်သော စီမံစနစ် တစ်ခုကို ပေးအပ်ရန်ဖြစ်သည်။ ဂရပ်ဖစ်အသားပေးသည့် Gnome desktop environment ကို အသုံးပြုသည်။ စတင်သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစွာ အသုံးပြုစေနိုင်ရန်လည်း ရည်ရွယ်စီမံထားပြီး၊ Ubuntu ဟူသည့် အဓိပ္ပာယ်မှာ အာဖရိကန်ဘာသာဖြစ်၍ "တဦးနှင့် တဦး စာနာထောက်ထားခြင်း" ဟု အဓိပ္ပာယ်ရသည်။ အခြေခံ လူ့အဖွဲ့အစည်းများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ကွန်ပျူတာ စီမံစနစ် တစ်ခုဖြစ်သည်။ ၎င်းကို လက်ဆွဲကွန်ပျူတာမှအစ၊ စားပွဲတင်ကွန်ပျူတာနှင့် ဆာဗာကွန်ပျူတာအဆုံး အသုံးပြုနိုင်သည်။ ဦးဘွန်းတု နှင့်အတူ ၎င်းအမျိုးအစားများ ဖြစ်ကြသည့် ကုဘွန်းတု၊ ဆုဘွန်းတု၊ နှင့် အက်ကျူဘွန်းတု ဟူ၍ ရှိသေးသည်။
Ubuntu 23.10 "Mantic Minotaur" | |
ဖန်တီးသူ | Canonical Ltd., Ubuntu community |
---|---|
အိုအက်စ်အဖွဲ့ဝင် | လင်းနက်စ် |
လက်ရှိအခြေအနေ | လက်ရှိ |
ရင်းမြစ်အမျိုးအစား | Open source (with exceptions)[1] |
ကနဦးဖြန့်ချီခြင်း | ၂၀ အောက်တိုဘာ ၂၀၀၄; ၁၉ နှစ် အကြာက (၂၀၀၄-၁၀-20) |
နောက်ဆုံးဖြန့်ချီခြင်း | Ubuntu 19.04 Disco Dingo / ၁၈ ဧပြီ ၂၀၁၉ (၅ နှစ် အကြာက) (၂၀၁၉-၀၄-18)[2] |
နောက်ဆုံးအစမ်းဗားရှင်း | Ubuntu 18.10 Cosmic Cuttlefish / ၁၁ အောက်တိုဘာ ၂၀၁၈ (၅ နှစ် အကြာက) (၂၀၁၈-၁၀-11) |
ဈေးကွက်ပစ်မှတ် | Personal computers, Server (computing) servers, smartphone, tablet computers (Ubuntu Touch), smart TV (Ubuntu TV) |
ရရှိနိုင်မည့် ဘာသာစကားများ | ဘာသာစုံ (၅၅ မျိုးအထက် by LoCos |
အဆင့်မြှင့်တင်မှုနည်းလမ်း | Advanced Packaging Tool/APT (Software Updater, Ubuntu Software Center) |
ကာနဲလ် အမျိုးအစား | Monolithic kernel (Linux kernel) |
လိုင်စင် | Free software licenses (mainly GPL) |
ဝက်ဘ်ဆိုဒ် | ubuntu.com |