ဧဝရတ်တောင်
နီပေါနိုင်ငံနှင့် တိဘက်ဒေသတွင်ရှိသော ကမ္ဘာအဖြစ်ဆုံးတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက / From Wikipedia, the free encyclopedia
ဧဝရတ်တောင် (အင်္ဂလိပ်: Mount Everest; နီပေါ: सगरमाथा, ရောမအက္ခရာ: Sagarmāthā; တိဘက်: Chomolungma ཇོ་མོ་གླང་མ; တရုတ်: 珠穆朗玛峰; ပင်ယင်: Zhūmùlǎngmǎ Fēng)၊ အမည်ကွဲအားဖြင့် ချိုမိုလန်းမားတောင် (Mount Chomolungma) သည် ကမ္ဘာ့အမြင့်ဆုံး နေရာအဖြစ် ပင်လယ်ရေမျက်နှာပြင်အမြင့် ၈၈၄၈မီတာ (၂၉၀၂၉ ပေ) မြင့်မားသည်။ ဟိမဝန္တာတောင်တန်းတွင် အပါအဝင်ဖြစ်ပြီး နီပေါ နှင့် တရုတ်နိုင်ငံ(တိဗက်ဒေသ) တို့က တစ်ဖက်စီတည်ရှိသည်။
ဧဝရတ်တောင် Mount Everest | |
---|---|
सगरमाथा (Sagarmāthā) ཇོ་མོ་གླང་མ (Chomolungma) 珠穆朗玛峰 (Zhūmùlǎngmǎ Fēng) | |
Everest's north face from the Tibetan plateau | |
အမြင့်ဆုံးအမှတ် | |
အမြင့် | ၈,၈၄၈.၈၆ m (၂၉,၀၃၁.၇ ft) [1] အမြင့်ဆုံးတောင် |
ပေါ်လွင်မှု | ၈,၈၄၈.၈၆ m (၂၉,၀၃၁.၇ ft) အမြင့်ဆုံးတောင် |
Isolation | ၄၀,၀၀၈ km (၂၄,၈၆၀ mi) |
စာရင်းသွင်းခြင်း | Seven Summits Eight-thousander နိုင်ငံ၏ အမြင့်ဆုံးအမှတ် Ultra |
ကိုဩဒိနိတ် | 27°59′17″N 86°55′31″E[2] |
ပထဝီဝင် | |
တည်နေရာ | Solukhumbu District, Sagarmatha Zone, နီပေါနိုင်ငံ; Tingri County, Xigazê, တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ, တရုတ်နိုင်ငံ[3] |
ပင်မတောင်တန်း | Mahalangur Himal, ဟိမဝန္တာ တောင်တန်း |
တောင်တက်ခြင်း | |
ပထမဆုံး တက်ရောက်ခြင်း | ၂၉ မေ ၁၉၅၃ Edmund Hillary နှင့် တင်ဇင်းနော်ဂေး |
ပုံမှန် တောင်တက်လမ်း | အရှေ့တောင်ဘက် တောင်ကြော (နီပေါ) |
ဧဝရတ်တောင်ထိပ်သည် နီပေါနှင့် တရုတ်နိုင်ငံ တိဘက်ဒေသ တို့၏ နယ်စပ်တွင် တည်ရှိသည်။ ဧဝရက်တောင်ထိပ်သည် လူသားတို့အတွက် မလောက်ငှသော လေပမာဏရှိသည့် သေမင်းတမာန် လေထုဇုံတွင် တည်ရှိသဖြင့် တောင်ထိပ်သို့ တက်ရောက်ရာတွင် အပို အောက်ဆီဂျင်ကို အသုံးပြုရသည်။ သေမင်းတမာန်ဇုံ ဆိုသည်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ၂၅,၀၀၀ ပေ ကျော် မြင့်သော ဧဝရတ်တောင်၏ တစိတ်တဒေသကို ခေါ်ဆိုခြင်း ဖြစ်သည်။