၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၃၀ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ / From Wikipedia, the free encyclopedia
၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၁၁ရက်အထိကျင်းပသော အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၈၁၊ ၁၉၉၁၊ ၂၀၀၅ပွဲတော်များကို အိမ်ရှင်အဖြစ် ၃ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဒူတာတေးမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...
ကျင်းပရာမြို့ | နယူးကလပ်မြို့ | ||
---|---|---|---|
ဆောင်ပုဒ် | "We Win As One"[1] (Filipino: Mananalo Tayo Bilang Isa) | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၅၆၃၀ | ||
ကစားပွဲအမျိုးအစား | ၅၃၀ | ||
ဖွင့်ပွဲအခမ်းအနား | ၃၀ နိုဝင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၁ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ရော်ဒရီဂို ဒူတာတေး | ||
Athlete's Oath | Francesca Altomonte | ||
Judge's Oath | Daren Vitug | ||
Torch Lighter |
| ||
အဓိကအားကစားကွင်း | ဖိလစ်ပိုင် ပွဲခန်းမ(ဖွင့်ပွဲ) နယူးကလတ်စီးတီး ပြေးခုန်ပစ်အားကစားကွင်း (ပိတ်ပွဲ) | ||
ဝက်ဘ်ဆိုဒ် | 2019 Southeast Asian Games | ||
|
ပိတ်ရန်
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၅၆၃၀ခန့်က အားကစားနည်း ၅၆မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဖိလစ်ပိုင်ပွဲခန်းမတွင် ကျင်းပခဲ့သည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းတို့က ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။