ဆော်ဒီအာရေးဘီးယားနိုင်ငံ
From Wikipedia, the free encyclopedia
ဆော်ဒီအာရေဗျ သို့မဟုတ် ဆော်ဒီအာရေးဘီးယားနိုင်ငံ တရားဝင်အားဖြင့် ဆော်ဒီအာရေဗျ ဘုရင့်တိုင်းပြည် (အင်္ဂလိပ်: Kingdom of Saudi Arabia) သည် အရှေ့အလယ်ပိုင်းတွင် ကုန်းမြေဧရိယာအားဖြင့် တတိယမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပြီး အာရေဘီယံ ကျွန်းဆွယ်၏ အစိတ်အပိုင်း အတော်များများကို နေရာယူထားသည်။ အာရပ်နိုင်ငံများတွင် တတိယမြောက် အကြီးဆုံးနိုင်ငံလည်း ဖြစ်သည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် ဂျော်ဒန်နိုင်ငံနှင့် အီရတ်နိုင်ငံ၊ အရှေ့ဘက်တွင် ကူဝိတ်နိုင်ငံ၊ ကာတာနိုင်ငံ နှင့် အာရပ်စော်ဘွားများပြည်ထောင်စု၊ အရှေ့တောင်ဘက်တွင် အိုမန်နိုင်ငံ နှင့် တောင်ဘက်တွင် ယီမင်နိုင်ငံတို့က ဝန်းရံထားသည်။ ဘာရိန်းနိုင်ငံ နှင့် ကင်းဖာ့ဒ် တံတား (King Fahd Causeway) ကို အသုံးပြု၍ ဆက်သွယ်ထားသည်။ ပါရှန်ပင်လယ်ကွေ့သည် အရှေ့မြောက်ဘက်တွင်ရှိပြီး ပင်လယ်နီသည် အနောက်ဘက်တွင် ရှိသည်။ ဆော်ဒီအာရေဗျတွင် လူဦးရေ ၂၅.၇ သန်း ရှိပြီး ၅.၅ သန်းမှာ နိုင်ငံသားမဟုတ်သူများ ဖြစ်သည်။ အကျယ်အဝန်းမှာ ၂,၁၄၉,၆၉၀ စတုရန်းကီလိုမီတာ (၈၃၀,၀၀၀ စတုရန်းမိုင်) ခန့် ရှိသည်။
ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ | |
---|---|
ဆောင်ပုဒ်: لَا إِلٰهَ إِلَّا ٱلله، مُحَمَّدٌ رَسُوْلُ ٱلله "Lā ʾilāha ʾillā Llāh, Muḥammadur rasūlu Llāh" "There is no god but God; Muhammad is the messenger of God."[1][မှတ်စု 1] (Shahada) | |
နိုင်ငံတော် သီချင်း: ٱلنَّشِيْد ٱلْوَطَنِي ٱلسَّعُوْدِي "an-Našīd al-Waṭanīy as-Saʿūdī" "ဆော်ဒီအာရေဗျနိုင်ငံတော်သီချင်း" | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ရီယာ့ဒ်မြို့ 24°39′N 46°46′E |
ရုံးသုံး ဘာသာစကားများ | အာရပ်[3][4] |
လူမျိုးစု (၂၀၁၄[5]) | ၉၀% အာရပ် ၁၀% အာဖရိက-အာရပ် |
ကိုးကွယ်မှု | |
Demonym |
|
အစိုးရ | ပြည်ထောင်စု အစ္စလာမ်မစ် သက်ဦးဆံပိုင်ဘုရင်စနစ် |
• ဘုရင် | ဆာမန် ဘင် အဗ္ဗဒူလာဇီ |
• အိမ်ရှေ့မင်းသား | မိုဟာမက် ဘင် ဆာမန် |
ဥပဒေပြုလွှတ်တော် | မရှိ[မှတ်စု 2] |
တည်ထောင်ခြင်း | |
၁၇၄၄ ခုနှစ် | |
၁၈၂၄ | |
၁၉၀၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် | |
၁၉၃၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက် | |
၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက် | |
၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၂,၁၄၉,၆၉၀[3] km2 (၈၃၀,၀၀၀ sq mi) (အဆင့်: ၁၂) |
• ရေထု (%) | ၀.၇ |
လူဦးရေ | |
• ၂၀၁၉ ခန့်မှန်း | ၃၄,၂၁၈,၁၆၉[9] (အဆင့် - ၄၀) |
• သိပ်သည်းမှု | ၁၅/km2 (၃၈.၈/sq mi) (အဆင့် - ၁၇၄) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၁.၉၂၄ ထရီလီယံ[10] (အဆင့် - ၁၄) |
• Per capita | $၅၆,၈၁၇[10] (အဆင့် - ၁၂) |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၇၇၉.၂၈၉ ဘီလီယံ[10] (အဆင့် - ၁၈) |
• Per capita | $၂၃,၅၆၆[10] (အဆင့် - ၃၅) |
Gini (၂၀၁၃) | ၄၅.9၉[11] အလယ် |
HDI (၂၀၁၉) | ၀.၈၅၄[12] အလွန်မြင့် · ၄၀ |
ငွေကြေး | ဆော်ဒီ ရီယယ် (SR) (SAR) |
အချိန်ဇုန် | AST (UTC+3) |
ရက်စွဲပုံစံ | dd/mm/yyyy (AH) |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၉၆၆ |
Internet TLD |
|
ဆော်ဒီအာရေဗျနိုင်ငံကို အဘဒူလ် အာဇစ် ဘင် ဆော့ဒ် က ၁၉၃၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အမှန်တကယ်တွင် ၁၉၀၂ ခုနှစ် သူ၏ မျိုးနွယ်စု တို့ အစဉ်အဆက် ပိုင်ဆိုင်ခဲ့သော ရီယာ့ဒ်မြို့ကို သိမ်းပိုက်စဉ် အချိန်ကပင် နိုင်ငံထူထောင်ခြင်းကို စတင်ခဲ့သည်။ ဆော်ဒီနိုင်ငံကို အထွတ်အမြတ် ဗလီနှစ်ခု ရှိရာ နိုင်ငံဟု တစ်ခါတစ်ရံတွင် ရည်ညွှန်းခေါ်ဆိုလေ့ ရှိသည်။ အစ္စလာမ်ဘာသာ အထွတ်အမြတ် နေရာနှစ်ခုဖြစ်သော မက္ကာနှင့် မဒီနာကို ရည်ညွှန်းခြင်း ဖြစ်သည်။