![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/6c/Map-Chinese_Characters.png/640px-Map-Chinese_Characters.png&w=640&q=50)
ရိုးရာတရုတ်စာလုံးများ
ထိုင်ဝမ်၊ ဟောင်ကောင်နှင့် မကာအိုတို့တွင် အသုံးပြုသော တရုတ်စာလုံးရေးနည်း / From Wikipedia, the free encyclopedia
ရိုးရာတရုတ်စာလုံးများ သို့မဟုတ် တန်းရှိစာ(正體字)သည် တရုတ်အရေးအသားစနစ်တွင် အသုံးပြုသောတရုတ်စာလုံးများဖြစ်သည်။ ထိုရိုးရာစာလုံးများသည် စာလုံးပုံစံများပြောင်းလဲခဲ့ပြီးသော အေဒီ ၂ ရာစုမှစ၍ ထိုအသွင်အတိုင်းတည်ရှိနေခဲ့သည်။[1] တရုတ်အက္ခရာကို စာရေးစနစ်အဖြစ် အသုံးပြုကြသောနိုင်ငံများသည် တရုတ်စကားလုံးပုံစံများကို မပြောင်းလဲခင် ၂၀ ရာစုနှစ်အလယ်အထိ ရိုးရာတရုတ်သည် တရုတ်အရေးအသားတွင် စံပုံစံဖြစ်ခဲ့သည်။[1][3][4][5][6]
အချက်တိုများ ရိုးရာတရုတ်, အမျိုးအစား ...
ရိုးရာတရုတ် | |
---|---|
![]() | |
အမျိုးအစား | |
ဘာသာစကားများ | တရုတ်၊ ကိုရီးယား (ဟန်ဂျာ)၊ ဂျပန် |
အချိန်ကာလ | အေဒီ ၂ ရာစုမှစ၍[1] |
မိခင်စနစ်များ | အရိုးပေါ်စာအရေးအသား
|
ရင်သွေးစနစ်များ |
|
လားရာ | Varies |
ISO 15924 | Hant, 502 |
ပိတ်ရန်
အချက်တိုများ ရိုးရာ တရုတ်, ရိုးရှင်းသော တရုတ် ...
ရိုးရာတရုတ်စာလုံးများ | |||||||||||||||
ရိုးရာ တရုတ် | 正體字 | ||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 正体字 | ||||||||||||||
ဆိုလိုရင်း | စံပုံစံအက္ခရာများ | ||||||||||||||
| |||||||||||||||
အခြားအမည် | |||||||||||||||
ရိုးရာ တရုတ် | 繁體字 | ||||||||||||||
ရိုးရှင်းသော တရုတ် | 繁体字 | ||||||||||||||
ဆိုလိုရင်း | ရှပ်ထွေးပုံစံအက္ခရာများ | ||||||||||||||
|
ပိတ်ရန်
![](http://upload.wikimedia.org/wikipedia/commons/thumb/6/6c/Map-Chinese_Characters.png/640px-Map-Chinese_Characters.png)
ရိုးရာတရုတ်ကို တရားဝင်အသုံးပြု (ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို)
ရိုးရှင်းတရုတ်ကို တရားဝင်အသုံးပြုသော်လည်း ရိုးရာတရုတ်ကို ထုတ်ဝေရာတွင်လည်းအသုံးပြု (စင်္ကာပူနှင့် မလေးရှား)[2]
တရုတ်အက္ခရာများကို သက်ဆိုင်ရာ မိခင်ဘာသာစကား၏ အက္ခရာများနှင့်အပြိုင်အသုံးပြု (တောင်ကိုရီးယား၊ ဂျပန်)၊
တရုတ်စာလုံးများကိုတစ်ချိန်က တရားဝင်အသုံးပြုခဲ့သော်လည်း ယခုအခါအသုံးမပြုတော့ (မွန်ဂိုလီးယား၊ မြောက်ကိုရီးယား၊ ဗီယက်နမ်)
ရိုးရာတရုတ်ကို တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)၊ ဟောင်ကောင် နှင့် မကာအိုတို့တွင် ဆက်လက်သုံးစွဲသည်သာမက ပြည်ပရောက်တရုတ်လူမျိုးအချို့လည်းသုံးစွဲကြသည်။[7] ကိုရီးယားဘာသာစကား၏ ဟန်ဂျာအက္ခရာအများစုသည် ရိုးရာတရုတ်စာလုံးများနှင့်ဆင်တူကြသည်။ ထိုင်ဝမ်အစိုးရသည် ရိုးရာတရုတ်စာလုံးများ အသုံးပြုခြင်းကိုအားပေးပြီး ပညာရေးဝန်ကြီးဌာနက တရားဝင်ထိန်းသိမ်းသည်။