ဒဿနိကဗေဒ
From Wikipedia, the free encyclopedia
အင်္ဂလိပ်လို philosophy (ဖှစ်လော့စဖှီ) ဟူသော စကားရပ်မှာ မြန်မာဘာသာအားဖြင့် အတွေးအခေါ်ဆိုင်ရာ ဒဿနိကဗေဒ အဖြစ်လူသိများပါသည်။ ဖီလိုဆိုဖီ ဆိုသည့် စာလုံးမှာ ဂရိစကားလုံးဖြစ်ပြီး ဖီလို(တွေးခေါ်ခြင်း) နှင့် ဆိုဖီ(ချစ်ခင်နှစ်သက်ခြင်း)ဟူသည့် စကားလုံးနှစ်ရပ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်ဟုလေ့လာသိရှိရသည်။
လူသားတို့၏ အစ ပထမ ကတည်းက တွေးခေါ်ခြင်း၊ စဉ်းစားချင့်ချိန်ခြင်းများ ဖြင့်စတင်ခဲ့ကြသည်။ ကောင်းခြင်း၊ ဆိုးခြင်း၊ မှန်ခြင်း၊ မှားခြင်း ဆိုသည့်သတ်မှတ်ချက်များစွာကို ဦးစွာ တွေးတော ပြီး စဉ်းစားဆင်ခြင် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူသားဖြစ်တည်မှု၏ အဓိကကျသော ပင်မ အထောက်အပံ့မှာ ဖီလိုဆိုဖီသာ ဖြစ်သည်။