၂၀၁၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
၂၀၁၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် စင်ကာပူနိုင်ငံ၌ ၂၀၁၅ခုနှစ် ဇွန် ၅ရက်မှ ၁၆ရက်အထိကျင်းပသော ၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ စင်ကာပူနိုင်ငံသည် ၁၉၇၃၊ ၁၉၈၃၊ ၁၉၉၃ပွဲတော်များကို အိမ်ရှင်အဖြစ် ၃ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၅ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ တိုနီတန်းမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...
ကျင်းပရာမြို့ | စင်ကာပူ | ||
---|---|---|---|
ဆောင်ပုဒ် | Celebrate The Extraordinary | ||
ပါဝင်သော နိုင်ငံများ | ၁၁ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၄၃၇၀ | ||
ကစားပွဲအမျိုးအစား | ၄၀၂ (၃၆မျိုး) | ||
ဖွင့်ပွဲအခမ်းအနား | ၅ ဇွန် | ||
ပိတ်ပွဲအခမ်းအနား | ၁၆ ဇွန် | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | တိုနီတန်း စင်ကာပူနိုင်ငံသမ္မတ | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | တိုနီတန်း စင်ကာပူနိုင်ငံသမ္မတ | ||
Athlete's Oath | Lin Qingyi Netball(captain)[1] | ||
Judge's Oath | Mohammad Azhar Yusoff Singapore's rugby referee[1] | ||
Torch Lighter | Fandi Ahmad နှင့် Irfan Fandi[1] | ||
အဓိကအားကစားကွင်း | စင်ကာပူ အမျိုးသားအားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | Official website | ||
|
ပိတ်ရန်
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၄၃၇၀ခန့်က အားကစားနည်း ၃၆မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အသစ်တည်ဆောက်ပြီးစီးသော စင်ကာပူ အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်တို့က ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။[2][3]