ကင်ဂျုံအွန်
From Wikipedia, the free encyclopedia
ကင်ဂျုံအွန် (အင်္ဂလိပ်: Kim Jong-un; ကိုရီးယား အသံထွက်: [kimd͜zɔŋɯn];[1])သည် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား)၏ ခေါင်းဆောင်ဖြစ်ပြီး ကိုရီးယား အလုပ်သမားပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ သူသည် ကင်ဂျုံအီ (၁၉၄၁–၂၀၁၁)နှင့် ဇနီး ကိုယောင်ဟီး တို့၏ အငယ်ဆုံးသားဖြစ်သည်။[2]
ဂင်ဂျောင်အွန် | |
---|---|
김정은 | |
ဂင်ဂျောင်အွန် | |
အမျိုးသားကာကွယ်ရေး ကော်မရှင် ပထမနာယက | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၃ ဧပြီ ၂၀၁၂ | |
လက်ထောက် | Kim Yong-chun Ri Yong-mu O Kuk-ryol |
ယခင်လူ | ကင်ဂျုံအီ (နာယက အဖြစ်) |
ကိုရီးယား အလုပ်သမားပါတီ ပထမ အတွင်းရေးမှူး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၁ ဧပြီ ၂၀၁၂ | |
လက်ထောက် | Kim Yong-nam Choe Yong-rim Choe Ryong-hae Ri Yong-ho |
ယခင်လူ | ကင်ဂျုံအီ (အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ်) |
ကိုရီးယား ပြည်သူ့တပ်မတော် အထွတ်အထိပ် အုပ်ချုပ်သူ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃၀ ဒီဇင်ဘာ ၂၀၁၁ | |
ယခင်လူ | ကင်ဂျုံအီ |
Chairman of the Central Military Commission of the Workers' Party of Korea | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၁ ဧပြီ ၂၀၁၁ Acting: ၁၇ ဒီဇင်ဘာ ၂၀၁၁ – ၁၁ ဧပြီ ၂၀၁၂ | |
လက်ထောက် | Choe Ryong-hae Ri Yong-ho |
ယခင်လူ | ကင်ဂျုံအီ |
Deputy to the 13th Supreme People's Assembly | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၉ ဧပြီ ၂၀၁၄ | |
မဲဆန္ဒနယ် | 111th Paektusan |
Vice Chairman of the Central Military Commission of the Workers' Party of Korea | |
တာဝန်သက်တမ်း ၂၈ စက်တင်ဘာ ၂၀၁၀ – ၁၁ ဧပြီ ၂၀၁၁ Ri Yong-ho | |
ခေါင်းဆောင် | ကင်ဂျုံအီ |
ယခင်လူ | ရာထူး စတင် |
ဆက်ခံသူ | Choe Ryong-hae Ri Yong-ho |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1983-01-08) ဇန်နဝါရီ ၈၊ ၁၉၈၃ (အသက် ၄၁) ပြုံယမ်းမြို့၊ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ |
နိုင်ငံရေးပါတီ | ကိုရီးယား အလုပ်သမားပါတီ |
ကြင်ဖော်(များ) | Ri Sol-ju |
သားသမီး | Kim Ju-ae |
မိခင်ကျောင်း | Kim Il-sung University Kim Il-sung Military University HELP University (ဂုဏ်ထူးဆောင်) |
လက်မှတ် | |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြောက်ကိုရီးယား |
အမှုထမ်းကာလ | ၂၀၁၀–လက်ရှိ |
ရာထူး | Marshal of the Republic |
Commands | Supreme Commander |
ငယ်စဉ်က ဆွစ်ဇာလန်နိုင်ငံတွင် ပညာသွားရောက်သင်ယူခဲ့သည်။ အသက် ၂၆ နှစ်သာရှိသေးသူ ကင်ဂျုံအွန်အနေဖြင့် တိုင်းပြည်၏ အဓိကနေရာများတွင် တာဝန်ထမ်းဆောင်ရန် ငယ်ရွယ်လွန်းသည်ဟူ၍ ဝေဖန်ခံရသော်လည်း နှစ်ရက်ကြာကျင်းပသည့်နှစ် (၃၀) မြောက်ကိုရီးယားအလုပ်သမားပါတီညီလာခံတွင် ဖခင်ဖြစ်သူ ကင်ဂျုံအီ ကပွဲထုတ်ပေးခဲ့သည်။
ကင်ဂျုံအွန်ကို ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် သူ၏ဖခင် ကင်ဂျုံအီ၏ နိုင်ငံတော်ဈာပန အခမ်းအနားအပြီးတွင် နိုင်ငံ့ခေါင်းဆောင် အကြီးအကဲအဖြစ် တရားဝင် ကြေညာခဲ့သည်။ ကင်ဂျုံအွန်သည် ကိုရီးယား အလုပ်သမားပါတီ ဥက္ကဋ္ဌ၊ စစ်ဗဟိုကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ကာကွယ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ကိုရီးယားပြည့်သူ့စစ် အကြီးအကဲ ရာထူးများပါ ရယူထားသည်။ [3]
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ကင်ဂျုံအွန်သည် ကိုရီးယားပြည်သူ့တပ်မတော်တွင် စစ်သေနာပတိ အဖြစ် လက်နက်ကိုင်အဖွဲ့အားလုံး၏ အကြီးအကဲရာထူးသို့ တိုးမြင့်ခဲ့သည်။[4] နိုင်ငံပိုင် မီဒီယာများက စစ်သေနာပတိ ကင်ဂျုံအွန်ဟု မကြာခဏ သုံးနှုန်းလေ့ရှိသည်။[5][6][7]