ကန်းစုပြည်နယ်
From Wikipedia, the free encyclopedia
Gansu (ကူညီ·ချက်လက်) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏အနောက်မြောက်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။
ကန်းစုပြည်နယ် Gansu Province | |||||||||
| |||||||||
အတိုကောက်အမည်: 甘 or 陇/隴 (pinyin: Gān or Lǒng) | |||||||||
အမည်ရင်းမြစ် | 甘 gān - (ကန်းကျိုးခရိုင်) 肃 sù - (စုကျိုးခရိုင်) | ||||||||
အုပ်ချုပ်ရေးအမျိုးအစား | ပြည်နယ် | ||||||||
မြို့တော် (နှင့် အကြီးဆုံးမြို့) | လန်ကျိုးမြို့ | ||||||||
ကွန်မြူနစ်ပါတီ အကြီးအကဲ | လုဟောင် | ||||||||
ပြည်နယ်အုပ်ချုပ်ရေးမှူး | လျိုဝေဖျင် | ||||||||
ဧရိယာ | ၄၅၄,၀၀၀ စတုရန်းကီလိုမီတာ | ||||||||
- လတ္တီကျု | 32° 36' to 42° 48' N | ||||||||
- လောင်ဂျီကျု | 092° 46' to 108° 43' E | ||||||||
လူဦးရေ (၂၀၁၀) - သိပ်သည်းမှု |
၂၅,၅၇၅,၂၅၄ (၂၂) ၇၃ | ||||||||
ဂျီဒီပီ (၂၀၁၀) - လူတစ်ဦးချင်း |
ယွမ်ငွေ ၄၁၁.၉ ဘီလီယံ (US$ ၆၀.၈ ဘီလီယံ) (၂၇) CNY ၁၂,၈၃၆ (၃၀) | ||||||||
HDI (၂၀၀၈) | ၀.၇၀၅ (medium) (၂၉) | ||||||||
ကိုးကွယ်ယုံကြည်မှုများ | ဗုဒ္ဓဘာသာ ၊ အစ္စလာမ်ဘာသာ | ||||||||
တိုင်းရင်းသားလူမျိုးများ | ဟန့်လူမျိုး - 91% ဟွေလူမျိုး - 5% တုန်းရှန်းလူမျိုး - 2% တိဘက်လူမျိုး - 2% | ||||||||
ဒေသသုံးဘာသာစကားများ | တရုတ်ဘာသာစကား၊ တိဘက်ဘာသာစကား | ||||||||
ခရိုင်ကြီး(Prefecture)အဆင့် | ၁၄ ခု | ||||||||
ခရိုင်ငယ်(County)အဆင့် | ၈၆ ခု | ||||||||
မြို့နယ်(Township)အဆင့်* | ၁၃၄၄ ခု | ||||||||
ISO 3166-2 | CN-62 | ||||||||
အင်တာနက် စာမျက်နှာ http://www.gansu.gov.cn | |||||||||
Source for population and GDP data: 《中国统计年鉴—2005》 China Statistical Yearbook 2005 Source for nationalities data:ISBN 7503747382 《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China *As at December 31, 2004ISBN 7105054255 | |||||||||
Template ■ Discussion ■ WikiProject China |
တိဘက်ကုန်းပြင်မြင့် နှင့် ဟွမ်းထူကုန်းပြင်မြင့်များ အကြားတွင် တည်ရှိပြီး မြောက်ဘက်တွင် မွန်ဂိုလီးယားနိုင်ငံ၊ အတွင်းမွန်ဂိုလီးယားပြည်နယ်၊ နင်ရှပြည်နယ်၊ အနောက်ဘက်တွင် ရှင်းကျန်းပြည်နယ်၊ ချင်းဟိုင်ပြည်နယ်၊ တောင်ဘက်တွင် စစ်ချွမ်းပြည်နယ်၊ အရှေ့ဘက်တွင် ရှန်းရှီးပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ မြစ်ဝါမြစ်သည် ကန်းစုပြည်နယ်တောင်ပိုင်းကို ဖြတ်သန်းစီးဆင်းသွားသည်။
၂၀၀၉ခုနှစ်စာရင်းအရ ကန်းစုပြည်နယ်တွင် လူဦးရေ ၂၉ သန်းကျော်ရှိပြီး ဟွေလူမျိုးများနေထိုင်ရာ ဒေသတစ်ခု ဖြစ်သည်။ ကန်းစုပြည်နယ်တောင်ပိုင်းဒေသများတွင် တိဘက်လူမျိုးများ နေထိုင်ကြသည်။ မြို့တော်မှာ လန်ကျိုးမြို့ ဖြစ်ပြီး ပြည်နယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ ကန်းစုပြည်နယ်ကို အတိုကောက်အားဖြင့် ကန်း ("甘" Gān) သို့မဟုတ် လုံ ("陇" Lǒng) ဟု ခေါ်ဆိုသည်။ တရုတ်ဘာသာစကားအရ လုံဟူသည်မှာ နဂါး ဖြစ်သည်။ ပြည်နယ်၏ အရှေ့ဘက်တွင် နဂါးတောင်တန်း ခေါ် လုံတောင်တန်း တည်ရှိသောကြောင့် ကန်းစုပြည်နယ်ကို နဂါးနောက်ပြည်နယ်၊ နဂါးညာဘက်ပြည်နယ်ဟုလည်း ခေါ်ဆိုကြသည်။