ကာတာဟေနာမြို့
From Wikipedia, the free encyclopedia
ကာတာဟေနာမြို့တော် အား ကိုလိုနီခေတ်က "ကာတာဟေနာ ဒီ အင်ဒီးယား(စပိန်ဘာသာစကား: [kaɾtaˈxena ðe ˈindjas] ( နားဆင်)) ဟုလည်း ခေါ်ဆိုခဲ့ကြပြီး ၁၅၃၃ ခုနှစ်က တည်ထောင်ခဲ့သော အဓိက ဆိပ်ကမ်းတစ်ခုဖြစ်ကာ ကာရစ်ဘီယံ ကမ်းရိုးတန်းဒေသအတွင်း ကိုလံဘီယာနိုင်ငံ၏ မြောက်ဘက် ကမ်းရိုးတန်းပေါ်တွင် တည်ရှိသည်။ ထိုမြို့သည် မက်ဒါလေးနားမြစ် နှင့် စီနူးမြစ် နှစ်ခုကြားတွင် မဟာဗျူဟာကျစွာ တည်ရှိပြီး စပိန် နှင့် ၎င်း၏ နိုင်ငံရပ်ခြား အင်ပိုင်ယာအတွင်း အဓိက ကုန်သွယ်ရာ ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကာ ၁၅၄၀ ခုနှစ်များ အစောပိုင်းကတည်းက အရေးပါသော နေရာ ဖြစ်လာခဲ့သည်။ ကိုလိုနီခေတ်ကာလ အတွင်းက ပီရူးမှ ငွေ သတ္တုများကို စပိန်သို့ အဓိကတင်ပို့ရာ ဆိပ်ကမ်းမြို့ ဖြစ်သကဲ့သို့ အေရှန်တို စနစ်ဖြင့် လိုင်စင်ရထားသော ကုန်သည်များအတွက် အာဖရိကမှ ကျွန်များကို တင်သွင်းရာ ဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ ထိုဆိပ်ကမ်းသည် ကာရစ်ဘီယံ ပင်လယ်အတွင်းမှ ပင်လယ်ဓားပြများ၏ ရန်မှ ကာကွယ်နိုင်ရန် တည်ဆောက်ထားသည်။ [4] ဘိုလီဗာပြည်နယ်၏ မြို့တော်ဖြစ်ပြီး ၂၀၁၈ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၁,၀၂၈,၇၃၆ ဦး ရှိသည့်အတွက် [2] ဒေသအတွင်း ဘာရန်ကီးရားမြို့ ပြီးလျှင် ဒုတိယမြောက် အကြီးဆုံး မြို့ ဖြစ်ကာ ကိုလံဘီယာနိုင်ငံအတွင်း ပဉ္စမမြောက် အကြီးဆုံး မြို့ ဖြစ်သည်။ ကာတာဟေနာမြို့၏ မြို့ပြဒေသ သည်လည်း နိုင်ငံအတွင်း ပဉ္စမမြောက် အကြီးဆုံး မြို့ပြဒေသ ဖြစ်သည်။ စီးပွားရေး လုပ်ငန်း အနေနှင့် ပင်လယ်ရေကြောင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ၊ ဓာတုလောင်စာနှင့် ဆက်စပ်သော လုပ်ငန်းများ အပြင် ခရီးသွားလုပ်ငန်းများ ရှိသည်။
ကာတာဟေနာမြို့ Cartagena | |||
---|---|---|---|
မြို့တော် | |||
Cartagena de Indias | |||
ထိပ်ဆုံး၊ ဘိုကာဂရန်ဒီ ဆိပ်ကမ်း ။ ဒုတိယတန်း၊ ဆန်တာခရုဇ် မန်ဂါကျွန်း မြင်ကွင်း၊ ဟယ်ရီဒီရာ ဇာတ်ရုံ။ တတိယတန်း၊ နာရီစင် (တိုရဲ ဒယ် ရီလော့ဂျ်)၊ ပီလာ ရီပတ်ဘလစ်ကာနို၊ ဆန် ဖီလစ် ဘာရာဂျာ့စ် ရဲတိုက် (ကာစတီလို ဒီ ဆန် ဖဲလစ် ဒီ ဘာရာဂျာ့စ်) (အထက်)၊ ချာလက်စတန် ဟိုတယ် (အောက်)၊ အောက်ဆုံး၊ မြို့တော် မြင်ကွင်းကျယ် | |||
| |||
ဆောင်ပုဒ်: "Por Cartagena" | |||
နိုင်ငံ | ကိုလံဘီယာ | ||
ပြည်နယ် | ဘိုလီဗာ | ||
ဒေသ | ကာရစ်ဘီယံ | ||
တည်ထောင်ခြင်း | ၁၅၃၃ ခုနှစ် ၊ ဇွန်လ ၁ ရက် | ||
တည်ထောင်သူ | ပီဒရို ဒီ ဟယ်ရီဒီရာ | ||
အမည်ပေး | ကာတာဟေနာမြို့၊ စပိန် | ||
အစိုးရ | |||
• မြို့တော်ဝန် | ဝီလီယံ ဂျော့ရှ် ဒေါ ချာမက်[1] | ||
ဧရိယာ | |||
• မြို့တော် | ၅၇၂ စတုရန်းကီလိုမီတာ (၂၂၁ စတုရန်းမိုင်) | ||
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂ မီတာ (၇ ပေ) | ||
လူဦးရေ (၂၀၂၀[2]) | |||
• မြို့တော် | ၉၁၄,၅၅၂ | ||
• အဆင့် | ပဥ္စမ | ||
• သိပ်သည်းမှု | ၁၆၀၀/km၂ (၄၁၀၀/sq mi) | ||
• မြို့ပြကြီး | ၁,၀၂၈,၇၃၆[3] | ||
Demonym(s) | ကာတာဂျီနီရို | ||
အချိန်ဇုန် | COT (UTC-5) | ||
Postal code | 130000 | ||
ဧရိယာကုဒ်(များ) | 57 + 5 | ||
HDI (2008) | 0.798 – High | ||
အစွဲပြု သူတော်စင်များ | စိန့်ကက်သရင်း နှင့် စိန့်စီဘက်စတန်း | ||
ပျမ်းမျှ အပူချိန် | ၃၀ °C (၈၆ °F) | ||
ဝက်ဘ်ဆိုဒ် | cartagena.gov.co | ||
တရားဝင်အမည် | ကာတာဟေနာရှိ ဆိပ်ကမ်း၊ ခံတပ်များ နှင့် အထိမ်းအမှတ် အဆောက်အဦး အစုအဝေး | ||
အမျိုးအစား | ယဉ်ကျေးမှု | ||
ရွေးချယ်သည့်စံနှုန်း | iv,vi | ||
ရွေးချယ်ခြင်း | ၁၉၈၄ (အဋ္ဌမအကြိမ်) | ||
ရည်ညွှန်းနံပါတ် | 285 | ||
နိုင်ငံ | ကိုလံဘီယာနိုင်ငံ | ||
ဒေသ | လက်တင်အမေရိက နှင့် ဥရောပ | ||
ယခုမြို့တော်သည် စပိန်ရှိ ကာတာဟေနာမြို့ ကို အစွဲပြု မှည့်ခေါ်ထားခြင်း ဖြစ်ပြီး ၁၅၃၃ ခုနှစ် ဇွန်လ ၁ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ သို့သော်လည်း ကာတာဟေနာ ပင်လယ်အော် ပတ်ဝန်းကျင်တွင် ရှိသော အမျိုးမျိုးသော ရှေဦးတိုင်းရင်းသားတို့ နေထိုင် အခြေချခဲ့သည်မှာ ဘီစီ ၄,၀၀၀ ခုနှစ်ကတည်းက ဖြစ်သည်။ စပိန်ကိုလိုနီခေတ်ကာလ အတွင်း ကာတာဟေနာသည် အုပ်ချုပ်ရေးနှင့် စပိန်အင်ပိုင်ယာ ချဲ့ထွင်ရေးတို့အတွက် အဓိက နေရာမှ ပါဝင်ခဲ့သည်။ ၎င်းသည် နိုင်ငံရေး၊ ဘာသာရေး နှင့် စီးပွားရေး လုပ်ငန်းများ၏ အချက်အချာဒေသ ဖြစ်သည်။[5] ၁၉၈၄ ခုနှစ်တွင် ကာတာဟေနာ၏ ကိုလိုနီခေတ် တံတိုင်းမြို့ နှင့် ခံတပ်တို့အား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ်သတ်မှတ်ခဲ့သည်။