ကဲရကယ်တောကြောင်
ကြောင်ရိုင်းငယ်တစ်မျိုး / From Wikipedia, the free encyclopedia
ကဲရကယ်တောကြောင်၏ သိပ္ပံအမည်မှာ ကဲရကယ် ကဲရကယ် ဖြစ်သည်။ ကဲရကယ်ကြောင်ရိုင်းဟုလည်း ခေါ်သည်။ အာဖရိကတိုက်၊ အရှေ့အလယ်ပိုင်းဒေသ၊ အာရှအလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံတို့တွင် တွေ့ရသော ကြောင်ရိုင်းတစ်မျိုး ဖြစ်သည်။ ကိုယ်ထည်အရွယ်အစား အလယ်အလတ် ရှိသည်။ ကိုယ်ထည်တုတ်ခိုင်သည်။ ခြေတံရှည်သည်။ မျက်နှာတိုသည်။ နားရွက်အမွေးစုများ ရှည်သည်။ စွယ်သွားရှည်သည်။ သားမွေးမှာ အနီရောင် သမ်းသော အဝါရောင် (သို့မဟုတ်) သဲရောင် တပြင်တည်း ဖြစ်သည်။ ခါးနားတဝိုက်တွင် အရောင်ဖျော့ပြီး အနီရောင်သမ်းသော အမှတ်အသားများ ရှိသည်။ ပခုံးအမြင့် ၄၀ မှ ၅၀ စင်တီမီတာ (၁၆ မှ ၂၀ လက်မ) ရှိသည်။ ကိုယ်အလေးချိန် ၈ မှ ၁၈ ကီလိုဂရမ် (၁၈ မှ ၄၀ ပေါင်) လေးသည်။ ညအချိန်တွင် ကျက် စားသည်။[3]
အချက်တိုများ ကဲရကယ်တောကြောင် (အင်္ဂလိပ်: Caracal), ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
ကဲရကယ်တောကြောင် (အင်္ဂလိပ်: Caracal) | |
---|---|
Caracal in Kgalagadi Transfrontier Park | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
Suborder: | Feliformia |
မျိုးရင်း: | Felidae |
မျိုးရင်းသေး: | Felinae |
မျိုးစု: | Caracal |
မျိုးစိတ်: | C. caracal |
ဒွိနာမ | |
Caracal caracal (Schreber, 1776) | |
[မျိုးစိတ်]]ခွဲ | |
See text | |
Distribution of Caracal, 2016[1] | |
Synonyms[2] | |
|
ပိတ်ရန်