ကျောက်မျက် သန္တာ
From Wikipedia, the free encyclopedia
ကျောက်မျက် သန္တာ (Precious Coral) သည် ဇီဝမူလ ကျောက်မျက်(Organic Gems)အမျိုးအစားဖြစ်ပြီး မြန်မာတို့၏ နဝရတ် ကိုးပါး စာရင်းဝင်ကျောက်မျိုးဖြစ်သည်။ အနောက်တိုင်းတွင်မူ လူနေအိမ်များ၊ ဧည့်ခန်းများတွင် အလှဆင်ပစ္စည်းအနေဖြင့်လည်း အသုံးပြုတတ်ကြသည်။
အချက်တိုများ ကျောက်မျက်သန္တာ (Precious coral), မျိုးရိုးခွဲခြားခြင်း ...
ကျောက်မျက်သန္တာ (Precious coral) | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Cnidaria |
မျိုးပေါင်း: | Anthozoa |
မျိုးစဉ်: | Alcyonacea |
မျိုးရင်း: | Coralliidae |
မျိုးစု: | Corallium Cuvier, 1798 |
မျိုးစိတ် | |
မျိုးစိတ် (၃၁) ခု |
ပိတ်ရန်
တွင်းထွက်ကျောက်မျက်မဟုတ်၍ ပုံဆောင်စနစ်မရှိပေ။ ဓာတုဖွဲ့စည်းမှုမှာ ဟိုက်ဒရိုကာဘွတ် ဒြပ်ပေါင်းဖြစ်သည်။ သိပ်သည်းဆ ၂.၇ဝ ရှိပြီး မာဖြင့်မှာ ၄ အောက်သာရှိသည်။ ဆီရောင်လက်ဖြစ်သော်လည်း အရောင်တင်ရာတွင် အကောင်းဆုံးအနေအထားကို မရနိုင်ပေ။ သန္တာသည် မာကြောမှုအား မကြီးသော်လည်း ပျင်းတွဲမှုအားကောင်းသည်။