![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/24/KLIA_MTB%2526Tower.jpg/640px-KLIA_MTB%2526Tower.jpg&w=640&q=50)
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်
မလေးရှားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် / From Wikipedia, the free encyclopedia
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် (KLIA) (IATA: KUL, ICAO: WMKK) သည် မလေးရှားနိုင်ငံအတွက်သာမက အရှေ့တောင်အာရှ နိုင်ငံများ၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည်။ ဆောက်လုပ်မှု ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီလျံရှိသည်။[1] ကွာလာလမ်ပူမြို့လယ်မှ တောင်ဘက် ၄၅ ကီလိုမီတာ (၂၈မိုင်) အကွာတွင် တည်ရှိသည်။
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် Lapangan Terbang Antarabangsa Kuala Lumpur | |||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
![]() | |||||||||||||||||||
![]() | |||||||||||||||||||
အချက်အလက်များ | |||||||||||||||||||
အမျိုးအစား | Public | ||||||||||||||||||
ပိုင်ဆိုင်သူ | မလေးရှားနိုင်ငံ အစိုးရ | ||||||||||||||||||
စီမံကွပ်ကဲသူ | Malaysia Airports | ||||||||||||||||||
ဝန်ဆောင်မှု ဧရိယာ | Greater Klang Valley | ||||||||||||||||||
တည်နေရာ | မလေးရှားနိုင်ငံ | ||||||||||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း |
| ||||||||||||||||||
အချိန်ဇုန် | MST (UTC+08:00) | ||||||||||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၇၀ ပေ / ၂၁ မီတာ | ||||||||||||||||||
ဝက်ဘ်ဆိုဒ် | klia.com.my | ||||||||||||||||||
မြေပုံ | |||||||||||||||||||
Location in Peninsular Malaysia | |||||||||||||||||||
ပြေးလမ်း | |||||||||||||||||||
| |||||||||||||||||||
ကိန်းဂဏန်း အချက်အလက်များ (2015) | |||||||||||||||||||
| |||||||||||||||||||
Sources: MAHB |
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မလေးရှားနိုင်ငံ၏ အကြီးဆုံးနှင့် ခရီးသည် အများဆုံး လေဆိပ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄၈ ၉၃၈ ၄၂၄ ဦးကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး ကုန်တန်ချိန် ၇၂၆ ၂၃၀ တန် ကိုင်တွယ်နိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် ခရီးသည်အရေအတွက်အားဖြင့် ၂၃ ခု မြောက် အများဆုံး လေဆိပ်တစ်ခုဖြစ်သည်။
လေဆိပ်ကို မလေးရှားလေဆိပ် ကုမ္ပဏီမှ လည်ပတ်လျက်ရှိပြီး မလေးရှား လေကြောင်းလိုင်း၊ အဲအေးရှား လေကြောင်းလိုင်း၊ အဲအေးရှားအိတ်စ် လေကြောင်းလိုင်း၊ မလင်းဒို လေကြောင်းလိုင်း၊ ယူပီအက်စ် လေကြောင်းလိုင်း နှင့် ဂိတ်ဒင်း စရီ လေကြောင်းလိုင်းတို့၏ အဓိက အခြေစိုက် လေဆိပ်ဖြစ်သည်။