ခရူးဆိတ် စစ်ပွဲများ
ခရူးဆိတ်စစ်ပွဲ / From Wikipedia, the free encyclopedia
ခရူးဆိတ် စစ်ပွဲများ (Crusades) ဆိုသည်မှာ ၁၁ ရာစု မှ ၁၄ ရာစုအတွင်း ဥရောပ ခရစ်ယာန်လက်နက်ကိုင်နိုင်ငံများက မူဆလင်မြေများကိုတိုက်ခိုက်သိမ်းပိုက်ရေးအတွက် စေလွှတ်သော စစ်ချီတက်မှုများဖြစ်သည်။ ၁၀၉၅ ခုနှစ်တွင် ပုပ်ရဟန်းမင်း၏ လှုံ့ဆော်မှုအရ ချီတက်ရာတွင် ဘာသာရေးစွဲလန်းသူများသာမက မြေလိုချင်သူ၊ ကုန်ကူးသန်းလိုသူ၊ ခရီးထွက်လိုသူ၊ စွန့်စားလိုသူ မျိုးစုံ ပါဝင်ခဲ့သည်။ ပထမအကြိမ် ၁၀၉၉ ခုနှစ်တွင် ဂျေရုဆလင်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ဒုတိယအကြိမ် ၁၁၄၄ ခုနှစ်တွင် ချီတက်ရာ၌ အရေးနိမ့်၍ တတိယအကြိမ် ၁၁၉၁ ခုနှစ်တွင် ချီတက်ရာ၌ ဂျေရုဆလင်မြို့သို့ လွတ်လပ်စွာ ဝင်ထွက်ခွင့်ဖြင့် စစ်ပြေငြိမ်း၍ စတုတ္ထအကြိမ် ၁၂၀၂ ခုနှစ်တွင် ချီတက်ရာ၌ကား နယ်ချဲ့ရုံသာဖြစ်၍ ကွန်စတင်တီနိုပိုမြို့ကို သိမ်းပိုက်လုယက်ကြသဖြင့် ရည်ရွယ်ချက်ပြောင်းကာ သိက္ခာပျက်ကြရသည်။ အခြားအကြိမ်များစွာတွင်ကား အောင်မြင်ခြင်းမရှိကြချေ။[1]