From Wikipedia, the free encyclopedia
ခြင်ဆေးခွေ (အင်္ဂလိပ်: mosquito coil) သည် အမွှေးနံ့ပါသော ခြင်နိုင်ဆေးတစ်မျိုးဖြစ်၍ များသောအားဖြင့် ပိုင်ရီးသ်ရမ် (pyrethrum; ဒေစီပန်းပင်မျိုးတစ်ခု) အမှုန့်ကို အခြောက်ခံထားသော အနှစ်အခဲမှ ပြုလုပ်ကြသည်။ ခြင်ဆေးခွေသည် ဝဲကတော့ကဲ့သို့ ရစ်ပတ်ထားသောအခွေရှိ၍ အလယ်တွင် အပေါက်ကျဉ်းတစ်ခုပါရှိ၍ ထိုနေရာမှထောင်ပြီး ထွန်းကြသည်။ ခြင်ဆေးခွေအတွက် မီးဘေးအန္တရာယ်မရှိစေရန် သီးသန့်ပြုလုပ်ထားသော လှောင်အိမ်အတွင်း၌လည်း ထွန့်လေ့ရှိ၏ ။ ထွနမးရာတွင် အခွေ၏ အပြင်စွန်းမှစတင်ကာ တဖြည်းဖြည်းခြင်း အလယ်ဆီသို့ ရောက်ရှိလာပြီး ခြင်ပြေး/သေစေသော မီးခိုးငွေ့ ထုတ်လုပ်ပေးသည်။[1] ပုံမှန်ခြင်ဆေးခွေတစ်ခုသည် အချင်း ၁၅ စင်တီမီတာ (၆ လက်မ) ရှိ၍ ၇-၁၂ နာရီအထိ အထွန်းခံကြသည်။ ခြင်ဆေးခွေများကို အာရှ၊ အာဖရိက၊ တောင်အမေရိက၊ ကနေဒါ၊ ဩစတေးလျတို့တွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲကြ၏ ။[2]
ခြင်ဆေးခွေသည် မီးဘေးအန္တရာယ်ဖြစ်နိုင်သည်။ ခြင်ဆေးခွေသုံးစွဲခြင်းကြောင့် များစွာသော မီးလောင်မှုများဖြစ်ပေါ်ခဲ့ကြသည်။ ၁၉၉၉ တောင်ကိုရီးယားရှိ သုံးထပ်ဆောင်တစ်ခု ခြင်ဆေးခွေကြောင့် မီးလောင်ပြီး လူ (၂၃) ဦးသေဆုံးခဲ့သည်။[3]
မီးခိုးမှရသော ပြင်းထန်သည့်အနံ့သည် အဝတ်၊ ပရိဘောဂပစ္စည်းများကို အနံ့စွဲစေနိုင်သည်။ လူနှင့် နို့တိုက်သတ္တဝါများအတွက် စိတ်ချရသည်ဟု ယူဆသတ်မှတ်ကြသော်လည်း အလုံပိတ်အခန်းများတွင် အသုံးပြုပါက အန္တရာယ်ရှိသည်ဟု လေ့လာမှုအချို့က ဖော်ပြထားသည်။ တရုတ်၊ မလေးရှားတို့၌ ရောင်းချသော ခြင်ဆေးခွေများသည် မီးခိုအများအပြားကို ထုတ်လုပ်၍ အလွန်သေးငယ်သော အမှုန်ဒြပ်များ PM2.5 ပါဝင်ပျံ့နှံ့သည်။ စီးကရက်ပေါင်း ၇၁-၁၃၇ မှ ထွက်သော မီးခိုးပမာဏနှင့်ညီသည်။ အောက်စီဒိုင်းဇင်းမိသနော (formaldehyde; CH2O) ထုတ်လွှင့်မှုပမာဏသည် စီးကရက် (၅၁) လိပ်နှင့် ညီမျှသည်။[2] ကြွက်နှင့်စမ်းသပ် လေ့လာမှုများက ခြင်ဆေးခွေသည် သိသာသော ကျန်းမာရေးအန္တရာယ်မရှိ၊ သို့သော် အချို့သက်ရှိများမှာ သစ်တုံးများမီးရှို့၍ ထွက်လာသောမီးခိုးများကဖြစ်စေသကဲ့သို့ အာရုံခံအင်္ဂါများ ယာယီ မသက်မသာဖြစ်မှုကို ခံစားရနိုင်ဖွယ်ရှိသည်။ လေ့လာမှုတစ်ခုတွင် ကြွက်များကို ခြင်ဆေးခွေမီးခိုး တစ်ရက်လျှင် ခြောက်နာရီ၊ တစ်ပတ်တွင် ငါးရက်၊ (၁၃) ပတ်ကြာ ထိတွေ့စေသည်။ မီးခိုးငွေ့များပြားမှုကြောင့် အာရုံခံအင်္ဂါ မသက်မသာဖြစ်သည့် လက္ခဏာများကို တွေ့ရှိခဲ့ကြသော်လည်း အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွင် ဆိုးကျိုးသက်ရောက်မှုမရှိခဲ့ပေ။ ထိုလေ့လာမှုက ပုံမှန်အသုံးပြုပါက ခြင်ဆေးခွေသည် ကျန်းမာရေးအန္တရာယ် ဖြစ်ရန်အလားအလာမရှိဟု ကောက်ချက်ချထားသည်။[4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.