![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/50/Greece_National_Football_Team.svg/langmy-640px-Greece_National_Football_Team.svg.png&w=640&q=50)
ဂရိ အမျိုးသား ဘောလုံးအသင်း
From Wikipedia, the free encyclopedia
ဂရိ အမျိုးသား ဘောလုံးအသင်း (ဂရိ: Εθνική Ελλάδος; အင်္ဂလိပ်: Greece national football team) သည် ဂရိနိုင်ငံကို ကိုယ်စားပြုသော အမျိုးသားဘောလုံးအသင်းဖြစ်၍ ဟယ်လန်နစ် ဘောလုံးအဖွဲ့ချုပ် (ဂရိဘောလုံး အဖွဲ့ချုပ်) က ထိန်းချုပ်ကွပ်ကဲသည်။ ဂရိအသင်းသည် အိမ်ကွင်းအများစုကို အေသင်မြို့ (သို့) အေသင်မြို့အနီးနားတွင် ကစားလေ့ရှိကာ အေသင်တွင် မြို့၏ဆင်ခြေဖုံးအရပ် 'မဲရို့စီ' (Maroussi) ရှိ အိုလံပစ် အားကစားကွင်းတွင်လည်းကောင်း၊ မြို့ပြင်ပတွင် ပိုင်းရီးယ(စ်) (သို့) ပစ်ရေးယ(စ်) (Piraeus) ဆိပ်ကမ်းမြို့ရှိ 'ကရိုင်းယစ်စကိုက်ကိစ်' (Karaiskakis) အားကစားကွင်းတွင်လည်းကောင်း ကစားသည်။ ဂရိအသင်းသည် ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲဆုရ အသင်းဆယ်သင်းအနက် တစ်သင်းဖြစ်သည်။
![]() | ||||||||||||||||||||||
အမည်ပြောင် | Ethniki (National) Galanolefki (Sky blue-white) | |||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
အဖွဲ့ | Hellenic Football Federation (HFF) (Ελληνική Ποδοσφαιρική Ομοσπονδία – ΕΠΟ) | |||||||||||||||||||||
မဟာမိတ်အဖွဲ့ | ယူအေးဖာ (ဥရောပ) | |||||||||||||||||||||
နည်းပြချုပ် | John van't Schip] | |||||||||||||||||||||
အသင်းခေါင်းဆောင် | Kostas Stafylidis | |||||||||||||||||||||
Most caps | Giorgos Karagounis (၁၃၉) | |||||||||||||||||||||
Top scorer | Nikos Anastopoulos (၂၉) | |||||||||||||||||||||
အိမ်ကွင်း | အေသင် အိုလံပစ် အားကစားကွင်း | |||||||||||||||||||||
ဖီဖာကုဒ် | GRE | |||||||||||||||||||||
FIFA အဆင့် | 54 ![]() | |||||||||||||||||||||
အမြင့်ဆုံး FIFA အဆင့် | ၈[2] (၂၀၀၈ ဧပြီ၊ ၂၀၁၁ အောက်တိုဘာ) | |||||||||||||||||||||
အနိမ့်ဆုံး FIFA အဆင့် | ၆၆ (၁၉၉၈ စက်တင်ဘာ) | |||||||||||||||||||||
Elo အဆင့် | 57 ![]() | |||||||||||||||||||||
အမြင့်ဆုံး Elo အဆင့် | 7 (၂၀၀၄ ဩဂုတ်ဘ) | |||||||||||||||||||||
အနိမ့်ဆုံး Elo အဆင့် | ၇၈ (၁၉၆၃ မေ၊ ၁၉၆၃ နိုဝင်ဘာ) | |||||||||||||||||||||
| ||||||||||||||||||||||
ပထမဆုံး နိုင်ငံတကာပွဲ | ||||||||||||||||||||||
![]() ![]() (Athens, Greece; ၁၉၂၉ ဧပြီ ၇) | ||||||||||||||||||||||
အကြီးအကျယ် အနိုင်ရ | ||||||||||||||||||||||
![]() ![]() (Athens, Greece; ၁၉၄၉ နိုဝင်ဘာ ၂၅) | ||||||||||||||||||||||
အကြီးအကျယ် ရှုံး | ||||||||||||||||||||||
![]() ![]() (Budapest, Hungary; ၁၉၃၈ မတ် ၂၅) | ||||||||||||||||||||||
ကမ္ဘာ့ဖလား | ||||||||||||||||||||||
မြင်တွေ့ရမှုများ | ၃ (First in ၁၉၉၄) | |||||||||||||||||||||
အကောင်းဆုံးရလဒ် | (၁၆)သင်း အဆင့် (၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလား) | |||||||||||||||||||||
ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲ | ||||||||||||||||||||||
မြင်တွေ့ရမှုများ | ၄ (First in ၁၉၈၀ ယူရို) | |||||||||||||||||||||
အကောင်းဆုံးရလဒ် | ချန်ပီယံ (၂၀၀၄ ယူရို) | |||||||||||||||||||||
အိုလံပစ် အားကစားပွဲတော် | ||||||||||||||||||||||
မြင်တွေ့ရမှုများ | ၃ (First in ၁၉၂၀) | |||||||||||||||||||||
အကောင်းဆုံးရလဒ် | အုပ်စု (၂၀၀၄) | |||||||||||||||||||||
Confederations Cup | ||||||||||||||||||||||
မြင်တွေ့ရမှုများ | ၁ (First in 2005 FIFA Confederations Cup) | |||||||||||||||||||||
အကောင်းဆုံးရလဒ် | အုပ်စု (2005 FIFA Confederations Cup) | |||||||||||||||||||||
ဆုတံဆိပ် မှတ်တမ်း
|
ဂရိသည် ၁၉၈၀ ယူအေးဖာ ယူရိုဖလားမှစ၍ ပထမဆုံးပါဝင် ယှဉ်ပြိုင်ကစားခဲ့ကာ အုပ်စုအဆင့်မှ ကျော်လွှားနိုင်ခြင်းမရှိခဲ့သလို ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီအထိ အခြားသော အဓိက ပြိုင်ပွဲများတွင် ပါဝင်ကစားရန် အရည်အချင်းပြည့်မှီခြင်းမရှိခဲ့ပေ။
ယူအေးဖာ ယူရို ၂၀၀၄ တွင် ဂရိဘောလုံးသမိုင်းတွင် အမြင့်ဆုံးအနေအထားရခဲ့ကာ ဥရောပဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ ပြိုင်ပွဲတွင် ဗိုလ်မစွဲနိုင်သည့် အဆင့်အတန်းဖြင့် သတ်မှတ်ခြင်းခံရသော်လည်း ရေပန်းစားနေခဲ့သော လက်ရှိချန်ပီယံ ပြင်သစ်နှင့် အိမ်ရှင် ပေါ်တူဂီအသင်းတို့ကို အနိုင်ပိုင်းနိုင်ခဲ့သည်။ ပြိုင်ပွဲ၏ အဖွင့်ပွဲနှင့် နောက်ဆုံး ဗိုလ်လုပွဲတွင် အိမ်ရှင် ပေါ်တူဂီနှင့် တွေ့ဆုံခဲ့ကာ နှစ်ပွဲလုံး အနိုင်ရရှိခဲ့သည်။
၂၀၀၄ အောင်မြင်မှုရရှိပြီးနောက် ဂရိအသင်းသည် ပြိုင်ပွဲအများစုကို ပါဝင်ရန် အရည်အချင်း ပြည့်မီခဲ့ပြီး ၂၀၁၂ ယူရိုတွင် ကွာတားဖိုင်နယ်၊ ၂၀၁၄ ကမ္ဘာ့ဖလားတွင် (၁၆)သင်း အဆင့်သို့ ရောက်ရှိခဲ့သည်။