ဂျက်လန်ဒန်
အမေရိကန် စာရေးဆရာ၊ သတင်းစာဆရာနှင့် လူမှုတက်ကြွလှုပ်ရှားသူ / From Wikipedia, the free encyclopedia
ဂျွန် ဂရစ်ဖစ် "ဂျက်" လန်ဒန်(ဂျွန် ဂရစ်ဖစ် ချန်နီ၊ ၁၂ ဇန်နဝါရီ ၁၈၇၆ - ၂၂ နိုဝင်ဘာ ၁၉၁၆)[1][2]သည် အမေရိကန် ဝတ္ထုရေးဆရာ၊ ဂျာနယ်လစ်နှင့် လူမှုရေး လှုပ်ရှားသူ တဦး ဖြစ်သည်။ ထိုစဉ်က လျင်မြန်စွာ ကြီးထွားလာနေသာ စီးပွားရေးအရ မဂ္ဂဇင်း စိတ်ကူးယဉ် ဝတ္ထုလောကတွင် စွန့်ဦးတီထွင်သူ တဦး အနေနှင့် သူသည် သိပ္ပံ စိတ်ကူးယဉ် ဝတ္ထုများအပါအဝင် သူ၏ စိတ်ကူးယဉ်ဝတ္ထုများ သီးသန့်မှ အံ့ဩဖွယ်ကောင်းသော ကံတရားနှင့် ကမ္ဘာတဝန်း ရေပန်းစားမှုကို ရရှိခဲ့သော ပထမဦးဆုံး စိတ်ကူးယဉ် ဝတ္ထုရေးဆရာများထဲမှ တဦး ဖြစ်သည်။[3] သူ့ အကျော်ကြားဆုံး လက်ရာများထဲမှ အချို့မှာ ကလွန်ဒိုက် ရွှေရှာပွဲတွင် အခြေတည်ထားသော အရိုင်းခေါ်သံ(The Call of the Wild)နှင့် အစွယ်ဖြူ(White Fang)တို့ ရှိသကဲ့သို့ ပုံပြင်တိုများ ဖြစ်သည့် မီးမွှေးရန်(To Build a Fire)၊ မြောက်ပိုင်းမော်ကွန်းရှည်ကြီး(An Odyssey of the North)နှင့် ချစ်ခြင်းမေတ္တာတရား (Love of Life)တို့လည်း ရှိသည်။ ပါလေးပုလဲများ(The Pearls of Parlay)နှင့် ဒိဋ္ဌိ(The Heathen)ကဲ့သို့သော ဝတ္ထုများတွင် တောင်ပစိဖိတ် အကြောင်း ရေးသားသလို၊ ပင်လယ်ဝံပုလွေ(The Sea Wolf)တွင် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသအကြောင်း ရေးထားသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |