ဂွီဒို မိုနာကို
From Wikipedia, the free encyclopedia
ဂွီဒို မိုနာကို သို့မဟုတ် အရက်ဇိုမြို့မှ ဂွီဒို (အင်္ဂလိပ်: Guido of Arezzo၊ အီတလီ: Guido Monaco၊ အခြားအမည်များ: Guido Aretinus၊ Guido Aretino၊ Guido da Arezzo၊ Guido d'Arezzo၊ Guido Monaco Pomposiano၊ Guy of Arezzo သို့မဟုတ် Guy d'Arezzo) သည် အီတာလျံလူမျိုး အလယ်ခေတ်ကာလ ဂီတသီအိုရီပညာရှင်နှင့် ခရစ်ယာန်ဘုန်းကြီးတစ်ပါး ဖြစ်သည်။ ယခုခေတ်တွင် အသုံးပြုသော စတက်ဖ်စသော ဂီတသင်္ကေတတို့ကို တီထွင်သူဟူ၍လည်း ယူဆကြသည်။ သူ၏ မိုက်ခရိုလိုးဂပ်စ် (Micrologus) အမည်ရှိသော ဂီတကျမ်းစာသည် အလယ်ခေတ်အတွင်း ဒုတိယအများဆုံး ဖြန့်ချိခြင်းခံရသည့်စာအုပ်ဖြစ်သည်။