From Wikipedia, the free encyclopedia
စစ်တွေတက္ကသိုလ် (အင်္ဂလိပ်: Sittway University) သည် ရခိုင်ပြည်နယ်စစ်တွေတွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဆောင်ပုဒ် | ပညာသမာ အာဘာနတ္တိ |
---|---|
တည်ထောင် | စက်တင်ဘာ ၁၈၊ ၁၉၉၆ |
ပါမောက္ခချုပ် | ဒေါက်တာခင်မောင်ဇော် |
တည်နေရာ | တက္ကသိုလ်ရိပ်သာလမ်း၊ ဘုမေရပ်ကွက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ် |
ဝဘ်ဆိုဒ် | stu.edu.mm |
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရလက်ထက် ၁၉၅၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူ ဥပစာကောလိပ်(Kyaukpyu Intermediate College)သည် ရခိုင်ပြည်နယ်၏ ပထမဆုံး ကောလိပ်တစ်ခုဖြစ်သည်။ သို့ရာတွင် ကျောင်းသားဦးရေနည်းပါးခြင်းကြောင့် ၁၉၆၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျောက်ဖြူ ဥပစာကောလိပ်ကို ပိတ်ခဲ့ရသည်။ ထို့နောက် ရခိုင်ပြည်နယ်မှ ကျောင်းသား/ သူများသည် ရန်ကုန်နှင့် ပုသိမ်မြို့များသို့သွားရောက်ပြီး တက္ကသိုလ်ပညာကို သင်ကြားခဲ့ရသည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ၂နှစ်သင် စစ်တွေကောလိပ်ကို ဖွင့်လှစ်ပေးသည်။ ထိုစဉ်က အထက်တန်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံသာအောင်က စစ်တွေကောလိပ်ကို အောင်မြင်စွာဖွင့်လှစ်ပေးခဲ့သည်။ စစ်တွေကောလိပ်စဖွင့်သည်နှင့် ပထမဆုံးကျောင်းအုပ်ကြီးမှာ ဦးအောင်မြင့်ဖြစ်သည်။ ၁၉၇၇ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ၏ ကြီးကြပ်မှုဖြင့် စစ်တွေကောလိပ်မှ ရခိုင်ပြည်နယ်ဒေသကောလိပ်အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ဒေသကောလိပ်ကို စစ်တွေကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ရခိုင်ပြည်နယ်ကို ဂုဏ်ပြုသောအားဖြင့် ၂နှစ်သင်ကောလိပ်မှ ၄နှစ်သင် စစ်တွေဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ခဲ့သည်။ ထိုမှတဖန် ၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တွေဒီဂရီကောလိပ်ကို စစ်တွေတက္ကသိုလ်အဆင့်သို့ ထပ်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် ဘာသာရပ်ပေါင်း ၁၈ ခုအားသင်ကြားပိုချလျက်ရှိရာ နေသင်တန်းနှင့် အဝေးသင်သင်တန်းများဖွင့်လှစ်လျက်ရှိသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.