အနောက်တိုင်းဂီတပညာတွင် စတက်ဖ်သည် အလျားလိုက်မျဉ်းကြောင်းငါးကြောင်းနှင့် မျဉ်းကြားအတွင်းအကွက်လေးကွက်ရှိသောနေရာဖြစ်သည်။ ဂီတနုတ်စ်များ၊ ဘားလိုင်းများ၊ ကလက်ဖ် (clef) များ စသည်တို့ကို ထိုနေရာ၌ရေးသားသည်။
မျဉ်းကြောင်းကိုရေတွက်ရာတွင် အောက်မှအပေါ်သို့ရေတွက်ရသည်။