From Wikipedia, the free encyclopedia
စပါးလင်ဟင်းမွှေး (Cymbopogon citratus)သည် အပူပိုင်းဒေသအပင်ဖြစ်ပြီး၊ အရှေ့တောင်အာရှကျွန်းနိုင်ငံများ (Maritime Southeast Asia သို့မဟုတ် Island Southeast Asia)တွင် သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိပြီး၊ အခြား အပူပိုင်းဒေသ နေရာများစွာသို့လည်း ယူဆောင်စိုက်ပျိုးကြသည်။[3] ၎င်းကို အနောက်အိန္ဒိယ လယ်မဲန်ဂရာ့စ် (West Indian lemon grass) သို့မဟုတ် လိုရင်းတိုရှင်းဖြင့် လယ်မဲန်ဂရာ့စ် (lemon grass)[4] ဟု အရပ်သုံး ခေါ်ကြသည်။
စပါးလင်ဟင်းမွှေး (Lemon grass) | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Monocots |
Clade: | Commelinids |
မျိုးစဉ်: | Poales |
မျိုးရင်း: | Poaceae |
မျိုးရင်းသေး: | Panicoideae |
မျိုးဇာတ်သေး: | Andropogoninae |
မျိုးစု: | Cymbopogon |
မျိုးစိတ်: | C. citratus |
ဒွိနာမ | |
Cymbopogon citratus | |
Synonyms[2] | |
စာရင်း
|
စပါးလင်ဟင်းမွှေး အများအားဖြင့် အပင်လိုက် ရောင်းကြသည်။ ၎င်းသည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံကဲ့သို့သော နွေးသောသမပိုင်းဒေသများတွင် စိုက်ပျိုး၍ရသော်လည်း၊ နှင်းခဲခြင်းဒဏ်ကိုမူ မခံနိုင်ပေ။
စပါးလင်ဟင်းမွှေးသည် သည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့တွင် tanglad သို့မဟုတ် sereh ဟုခေါ်ပြီး အလွန်ပေါများသည်။ ၎င်း၏ မွှေးသောအရွက်များကို အများအားဖြင့် ချက်ပြုတ်ရာနှင့် ကြက်သားကင်ရာတွင် အသုံးပြုကြသည်။[5] သီရိလင်္ကာတွင် စပါးလင်ဟင်းမွှေး ကို sera (සේර) ဟုလူသိများသည်။ ၎င်းကို ဆီမွှေး (essential oil) အနေဖြင့်လည်း အသုံးပြုသည့်အပြင် ချက်ပြုတ်ရာတွင်လည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသည်။[6] |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.