![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/49/Super_Mario_Run_logo.svg/langmy-640px-Super_Mario_Run_logo.svg.png&w=640&q=50)
စူပါ မာရီယို ရမ်း(န်)
၂၀၁၆ ခုနှစ်ထွက် မိုဘိုင်းများအတွက် မာရီယိုဂိမ်း / From Wikipedia, the free encyclopedia
စူပါ မာရီယို ရမ်း(န်) (အင်္ဂလိပ်: Super Mario Run) ဆိုသည်မှာ နစ်တန်းဒိုးမှ ပြင်ဆင်မွမ်းမံ၍ ၂၀၁၆ခုနှစ်၌ အိုင်အိုအက်စ်(အင်္ဂလိပ်: iOS)အတွက် ထုတ်လုပ်ဖြန်ချိခဲ့ပြီး၊ ၎င်းနောက်ပိုင်းတွင်မှ အန်းဒရွိုက်(အင်္ဂလိပ်: Android)အတွက်ပါ ထပ်မံ၍ ထုတ်လုပ်ဖြန့်ချိခဲ့သော ပလက်ဖော်မာ(အင်္ဂလိပ်: Platformer)အမျိုးအစား ဗီဒီယိုဂိမ်းတစ်ခုဖြစ်သည်။ ၎င်းဂိမ်းသည် နစ်တန်းဒိုး၏ လုပ်ငန်းလည်ပတ်နေဆဲဖြစ်သော သက်တမ်းရင့် ပင်မလုပ်ငန်းခွဲတစ်ခု၏ အစိတ်အပိုင်းဖြစ်သည့်အပြင် ၎င်း၏ ပထမဆုံး မိုဘိုင်းဂိမ်းလည်းဖြစ်လေသည်။ စူပါ မာရီယို ရမ်း(န်) ဂိမ်းကစားသူသည် မြင်ကွင်း၌ သူ့ဘာသူပြေးလွှားနေသော မာရီယို (သို့) အခြား ဇာတ်ကောင်တစ်ကောင်အား ထိန်းကျောင်းခုန်ပေါက်၍ ဒင်္ဂါးများစုဆောင်းခြင်း၊ ရန်သူအမျိုးမျိုးနှင့် အတားအဆီးအခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားခြင်းများပြုလုပ်၍ ကစားရသည်။
စူပါ မာရီယို ရမ်း(န်) Super Mario Run | |
---|---|
![]() အမှတ်တံဆိပ် | |
ဖန်တီးသူ | Nintendo EPD[မှတ်စု 1] |
ထုတ်ဝေသူ | နစ်တန်းဒိုး |
ပရိုဂျူဆာ | သျှီဂဲရု မီယာမိုတို (အင်္ဂလိပ်: Shigeru Miyamoto) |
ဒီဇိုင်းနာ | တာကာရှီ တက်ဇ္ဇုက (အင်္ဂလိပ်: Takashi Tezuka) |
စီးရီးများ | စူပါ မာရီယို |
ဂိမ်းအင်ဂျင် | ယူနတီ(Unity) |
ပလက်ဖောင်း | |
ဖြန့်ချီသည့်နေ့စွဲ | အိုင်အိုအက်စ်(iOS)
|
ဂိမ်းအမျိုးအစား | သူ့ဘာသူ ပြေး၊ ပလက်ဖောင်း(မ်) |
Mode(s) | ကစားသူ တစ်ဦးတည်း |
၎င်းသည် ‘စူပါ မာရီယို’ ဂိမ်းတစ်ခုဖြစ်သည့်အားလျော်စွာ ဂိမ်း၏အစဦးဆုံးတွင် ဂိမ်းဇာတ်လမ်းသွား အဓိကဖြစ်လာစေသော ပါဝင်နေကြအဖြစ်အပျက်ဖြစ်သည့် ဘောက်ဇာ(မာရီယို၏ ရန်သူတော် ဆရာကြီးဇာတ်ကောင်)၏ ဖမ်းဆီးခြင်းခံထားရသော မက်မွန်မင်းသမီး(မှိုပြည်ထောင်၏ မင်းသမီး)အား မာရီယို မှ သွားရောက်ကယ်တင်ရမည့် ဇာတ်ကွက်ပါဝင်သည်။ မည်သို့ပင်ဖြစ်စေ ဂိမ်းကစားသူသည် ထို ဘောက်ဇာ ဖျက်ဆီးခဲ့သော ‘မှိုတိုင်းပြည်အား ပြန်လည်တည်ဆောက်ခြင်း’ ကိစ္စကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။
ဤဂိမ်းသည် မိုဘိုင်းဂိမ်းခလုပ်များသုံး၍ အဆင်ပြေစွာကစားနိုင်ရန်အတွက် လိုက်လျောညီထွေပေးထားသော ဂိမ်းကစားခြင်းသဘောတရားများနှင့် အခြားသော အထူးပံ့ပိုးထားမှုများပါဝင်သည်။ စူပါ မာရီယို ရမ်း(န်)တွင် ပထမပုံစံ ဂိမ်းဖြစ်သော ပင်မဇာတ်လမ်းသွားဂိမ်း၏ ရှေ့ဆုံးအခန်း(၃)ခန်းအား အခမဲ့ကစားနိုင်ပြီး ကျန်အခန်းများကို ဆက်ကစားလိုလျှင် တစ်ကြိမ်တည်းသောငွေပေးချေမှု ပြုလုပ်ရန်လိုအပ်ပြီး ၎င်းငွေပေးချေမှုသည် ဂိမ်း၌ပါဝင်သည့် ကိစ္စအားလုံးအတွက်ဖြစ်ပြီး ဂိမ်းကစားသူအတွက်လည်း တသက်စာအပြီးအပြတ်ဖြစ်သည်။ ဆိုလိုသည်မှာ ထိုဂိမ်းအား မိုဘိုင်းမှ ဖျက်လိုက်ပြီး၊ နောင်တွင် ပြန်လည်ထည့်သွင်းကစားပါကလည်း ထပ်မံဝယ်ယူရန် မလိုအပ်တော့ခြင်းဖြစ်သည်။