ဆန်
အိုရီဇာ မျိုးစုဝင် အစေ့အဆံ / From Wikipedia, the free encyclopedia
ပြည်ထောင်စု မြန်မာနိုင်ငံသည် လွတ်လပ်သောအချုပ်အချာ အာဏာပိုင်နိုင်ငံဖြစ်လာသည်နှင့်အမျှ စီးပွားရေးဖက်၌လည်း တောင့်တင်း ကြံ့ခိုင်ဖို့လိုပေသည်။ သို့မှသာလျှင် ပြည်ထောင်စု တိုင်းရင်းသား တို့၏ လူနေမှုအဆင့်အတန်းသည် တိုးတက် လာမည်ဖြစ်၏။ ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ဆန်ကို တွင်ကျယ် စွာရောင်းချနိုင်ရန် နိုင်ငံတော်အစိုးရစိုက်ပျိုးရေးဌာနက စပါး မျိုးကောင်းမျိုးသန့် ရရှိရေး၊ စပါးဖျက်ပိုးနှင့် ရောဂါနှိမ်နင်းရေး၊ မြေဩဇာအသုံးပြုရေး၊ ခေတ်မှီစိုက်ပျိုးရေးကရိယာများ အသုံးချ ရေးစသည့် စိုက်ပျိုးရေးလုပ်ငန်းတို့ကို ထိရောက်စွာဆောင်ရွက် လျက်ရှိပေသည်။
ရှေးလွန်လေပြီးသော ခေတ်အခါကပင် လူတို့သည် ဆန် ရရှိအောင် စပါးကိုစိုက်ပျိုးခဲ့ကြသည်။ မြန်မာလူမျိုးတို့အဖို့ ဆန်သည် ပဓာနအစာဖြစ်သည်။ အထူးသဖြင့် အရှေ့တိုင်းသားများအဖို့ အခြားကောက်ပဲသီးနှံများထက် ဆန်သည် အရေးပါလှသည်။ ရုက္ခဗေဒပညာရှင်များက ယခုစိုက်ပျိုးလုပ်ကိုင်နေကြသော စပါးမျိုးများသည် အရှေးအခါက အရိုင်းပေါက်ခဲ့သော စပါးမျိုးမှ ဆင်းသက်လာသည်ဟုဆိုသည်။