![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e6/Flag_of_Slovakia.svg/langmy-640px-Flag_of_Slovakia.svg.png&w=640&q=50)
ဆလိုဗားကီးယားနိုင်ငံ
From Wikipedia, the free encyclopedia
ယခင်ချက်ကိုဆလိုဗားကီးယား သမ္မတနိုင်ငံ၏ပြည်နယ်တစ်ခုဖြစ်သော ယခုဆလိုဗားကီးယားနိုင်ငံသည် မြောက်ဘက်၌ ပိုလန်နိုင်ငံ၊ အရှေ့ဘက်၌ ရူမေးနီးယားနိုင်ငံ၊ တောင်ဘက်၌ ဟန်ဂေရီ၊ အနောက်ဘက်၌ မိုရေးဗီးယားနိုင်ငံတို့ဖြစ်သည်။ အကျယ်အဝန်း အားဖြင့် စတုရန်မိုင် ၁၈၉၂၁ မိုင်ရှိ၍၊ လူဦးရေ ၃၅ဝဝဝဝ ခန့်ရှိသည်။ ဆလိုဗားကီးယား၊ အရှေ့ဘက်အစွန်နှင့် အနောက် ဘက်အစွန်တို့မှတစ်ပါး ကျန်နေရာများတွင် တောတောင်ထူထပ်သည်။
ဆလိုဗက်သမ္မတနိုင်ငံ | |
---|---|
ဆလိုဗားကီးယားနိုင်ငံ၏ တည်နေရာ (dark green) – ဥရောပတိုက်အတွင်း (green နှင့် dark grey) | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘရာတစ်ဆလာဗာမြို့ 48°09′N 17°07′E |
ရုံးသုံး ဘာသာစကားများ | ဆလိုဗက် |
လူမျိုးစု (2011) | |
ကိုးကွယ်မှု |
|
Demonym | Slovak |
အစိုးရ | ပြည်ထောင်စု ပါလီမန် ဖွဲ့စည်းပုံ သမ္မတနိုင်ငံစနစ် |
• သမ္မတ | Zuzana Čaputová |
• အစိုးရအဖွဲ့ ဥက္ကဋ္ဌ | Eduard Heger |
• နိုင်ငံတော်ကောင်စီ၏ ဥက္ကဋ္ဌl | Boris Kollár |
ဥပဒေပြုလွှတ်တော် | နိုင်ငံတော်ကောင်စီ |
လွတ်လပ်ရေးသမိုင်း | |
• ချက်ကိုစလိုဗက်သမ္မတနိုင်ငံ၏ အစိတ်အပိုင်း | ၁၉၁၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက် |
၁၉၆၉ ခုနှစ် ဇန်နဝါရီလ ၁ ရက် | |
• ချက်နှင့် ဆလိုဗက် ဖက်ဒရယ်သမ္မတနိုင်ငံတွင်းရှိ ဆလိုဗက်သမ္မတနိုင်ငံ | ၁၉၉၀ ခုနှစ် ဧပြီလ ၂၃ ရက် |
• ဆလိုဗက် သမ္မတနိုင်ငံ | ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၄၉,၀၃၅ km2 (၁၈,၉၃၃ sq mi) (အဆင့်: ၁၂၇) |
• ရေထု (%) | ၀.၇၂ (၂၀၁၅ ခုနှစ်အရ)[1] |
လူဦးရေ | |
• ၂၀၂၀ ခန့်မှန်း | ![]() |
• ၂၀၁၁ သန်းခေါင်စာရင်း | ၅,၃၉၇,၀၃၆ |
• သိပ်သည်းမှု | ၁၁၁/km2 (၂၈၇.၅/sq mi) (အဆင့် - ၈၈) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | ![]() |
• Per capita | ![]() |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | ![]() |
• Per capita | ![]() |
Gini (၂၀၁၉) | ![]() နိမ့် |
HDI (၂၀၁၉) | ![]() အလွန်မြင့် · ၃၉ |
ငွေကြေး | ယူရို (€) (EUR) |
အချိန်ဇုန် | CET (UTC+1) |
• နွေရာသီ (DST) | CEST (UTC+2) |
ရက်စွဲပုံစံ | dd/mm/yyyy |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၄၂၁ |
သူတော်စင် | en:Saints Cyril and Methodius Our Lady of Sorrows |
Internet TLD | .sk and .eu |
မြေနိမ့်လွင်ပြင်များတွင် လယ်ယာစိုက်ပျိုးလုပ်ကိုင်ကြ၍ တောင်တန်းဒေသတွင် သစ်ခုတ်ခြင်းနှင့် သိုးဆိတ်မွေးမြူခြင်း တို့ကို လုပ်ကိုင်ကြသည်။ မြို့တော်မှာ ဗရတစ်ဆလားဗားဖြစ်၍၊ လူဦးရေမှာ ၁၉၄၇ ခုနှစ် သန်ကောင်စာရင်းအရ ၁၇၂၆၆၄ ယောက်ခန့်ရှိသည်။ ဆလိုဗက်လူမျိုးများမှာ ဆလဗအဆက် အနွယ်များဖြစ်ကြ၍၊ ရှေးရိုးဓလေ့ထုံးစံများကို ရိုသေလေးစား လိုက်နာတတ်ကြသည်။ လူများစုမှာ လယ်ယာလုပ်ငန်းကို ပင်ပန်းကြီးစွာ လုပ်ကိုင်ခြင်းဖြင့် အသက်မွေးမြူကြရသည်။[6]