From Wikipedia, the free encyclopedia
ဆာဗာနား မြက်ခင်းပြင် (savanna သို့ savannah) ဆိုသည်မှာ မြက်ခင်းပြင် ဂေဟစနစ် တစ်မျိုးဖြစ်ပြီး အရိပ်များ နီးကပ် မနေရန် သစ်ပင်များသည် သေးငယ်ခြင်း သို့မဟုတ် ပြန့်ကျဲနေခြင်းစသည့် လက္ခဏာများ ရှိသည်။ အရိပ်များ နီးကပ်မနေခြင်းကြောင့် လုံလောက်သော အလင်းရောင်သည် မြေပြင်ပေါ်သို့ ရောက်ရှိနိုင်ပြီး စီ-၄ မြက်ပင်များ အဓိက ပါဝင်သော ခြုံပုတ်များကို ကြီးထွားစေရန် အထောက်အပံ့ပေးသည်။
အများအားဖြင့် ဆာဗာနား မြက်ခင်းဆိုသည်မှာ သစ်ပင်များ ကြားရှိ အကွာအဝေး ကျယ်ပြန့်သော ကျဲပြန့်နေသော ဒေသဟု ယုံကြည်ကြသည်။ သို့သော်လည်း ဆာဗားနား မြက်ခင်းပြင် အများစုတွင် သစ်ပင်တို့၏ သိပ်သည်းမှု များပြားပြီး သစ်ပင်များသည် သစ်တောနှင့် စာလျှင် ပို၍ အကွာအဝေးတူညီကြသည်။[1][2][3][4] ဆာဗားနားမြက်ခင်းပြင်များတွင် မိုးရေရရှိနိုင်မှု ရှိတတ်ပြီး အများအားဖြင့် မိုးရေသည် ရာသီဥတု တစ်ခုတွင်သာ ရရှိလေ့ ရှိသည်။ ဆာဗားနားသည် ဘိုင်အုမ်း အချို့ဖြင့် ဆက်စပ်နေလေ့ ရှိသည်။ အများအားဖြင့် ဆာဗားနား မြက်ခင်းပြင်များသည် သစ်တောများ နှင့် ကန္တာရ သို့မဟုတ် ပရေရီမြက်ခင်းများ ကြားတွင် ရှိတတ်သည်။ ဆာဗားနားမြက်ခင်းပြင်များသည် ကမ္ဘာ့မြေမျက်နှာပြင်၏ ၂၀ ရာခိုင်နှုန်း ရှိပြီး[5] အကြီးဆုံး ဆာဗားနားမှာ အာဖရိကတွင် ရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.