တဂ္ဂလော့ဘာသာစကား
From Wikipedia, the free encyclopedia
တဂ္ဂလော့ ဘာသာစကား (အင်္ဂလိပ်: Tagalog language; /təˈɡɑːlɒɡ/, tə-GAH-log;[5] Tagalog pronunciation: [tɐˈɡaːloɡ]) သည် ဩစထြိုနေးရှန်းဘာသာစကားများအနက် ဖိလစ်ပိုင်နိုင်ငံလူဦးရေ လေးပုံတပုံခန့်ရှိသော တဂ္ဂလော့တိုင်းရင်းသားတို့၏ ပြောစကားဖြစ်သည်။ နိုင်ငံ၌ ဒုတိယ လူသုံးအများဆုံးဘာသာစကားလည်း ဖြစ်သည်။ စံပြုပြီးသော တဂ္ဂလော့စကားကို ဖိလစ်ပိုင်စကားအဖြစ် တရားဝင်သတ်မှတ်ထားပြီး အင်္ဂလိပ်ဘာသာစကားနည်းတူ ရုံးသုံးအဖြစ်လည်း သတ်မှတ်သည်။
အချက်တိုများ တဂ္ဂလော့, အသံထွက် ...
တဂ္ဂလော့ | |
---|---|
Wikang Tagalog | |
အသံထွက် | [tɐˈɡaːloɡ] |
ဒေသခံ | ဖိလစ်ပိုင်နိုင်ငံ |
ဒေသ | မက်ထရိုမနီလာ၊ တဂ္ဂလော့တောင်ပိုင်းနှင့် အလယ်လူဇွန် |
လူမျိုးစု | တဂ္ဂလော့ |
ဒေသခံ ပြောဆိုသူများ | ၂၂.၅ သန်း (၂၀၁၀)[1] စုစုပေါင်း ၂၃.၈ သန်း (၂၀၁၉)[2] |
ဩစတြိုနီးရှန်း
| |
အစောပိုင်းပုံစံများ | ပရိုတို-ဩစထြိုနေးရှန်း
|
စံပုံစံများ | ဖိလစ်ပီနို
|
ဒေသိယစကား |
|
စာအရေးအသားစနစ် | လက်တင် (တဂ္ဂလော့/ဖိလစ်ပီနို အက္ခရာ)၊ ဖိလစ်ပိုင် မျက်မမြင်အရေးအသား |
တရားဝင် အခြေအနေ | |
ရုံးသုံး အဖြစ် အသုံးပြုမှု | ဖိလစ်ပိုင် (ဖိလစ်ပီနို အသွင်ဖြင့်) |
လူနည်းစု ဘာသာစကားအဖြစ် အသိအမှတ်ပြုခြင်း | ဖိလစ်ပိုင် (ဒေသဘာသာစကား) |
တရားဝင် ထိန်းသိမ်းသူ | Komisyon sa Wikang Filipino |
ဘာသာစကားကုဒ်များ | |
ISO 639-1 | tl |
ISO 639-2 | tgl |
ISO 639-3 | tgl |
Glottolog | taga1280 Tagalogic[3]taga1269 Tagalog-Filipino[4] |
Linguasphere | 31-CKA |
ဖိလစ်ပိုင်နိုင်ငံရှိ တဂ္ဂလော့ဘာသာစကား အဓိက ပြောဆိုသော ဒေသများ |
ပိတ်ရန်
ဘီကိုး၊ အီလိုကာနို၊ ဝိစာရန်၊ ကပံပန်ဂန်၊ ပန်ဂါစီနန် စသော ဖိလစ်ပိုင်၌သုံးသည့် အခြားဘာသာစကားများနှင့်လည်း အတော်နီးစပ်သည်။ သို့သော် ထိုင်ဝမ်ရှိ ဖော်မိုဆာ၊ မလေးရှားနှင့်အင်ဒိုနီးရှားတွင်ပြောသော မလေး၊ ဟာဝိုင်အီယန်၊ မာအိုရီနှင့် မလဂ္ဂဆီစကားများကဲ့သို့ အခြားဩစထြိုနေးရှန်းဘာသာများနှင့်မူ အင်မတန်ကွဲလေသည်။