သိမ်းမြစ်

From Wikipedia, the free encyclopedia

သိမ်းမြစ်
Remove ads

သိမ်စ်မြစ်(အင်္ဂလိပ်: River Thames ဤအသံ အကြောင်းtɛmz )သည် အင်္ဂလန်တောင်ပိုင်း၌ စီးဆင်းသော မြစ်ဖြစ်ပြီး လန်ဒန်ကို ပင်လယ်နှင့် ဆက်သွယ်ပေးထားသည်။

အချက်တိုများ သိမ်စ်မြစ်, အချက်အလက်များ ...

၎င်းသည် အင်္ဂလန်နိုင်ငံတွင် အကြီးဆုံးမြစ်ဖြစ်သည်။ ကူးသန်းသွားလာ‌ရေး အတွက်လည်း အ‌ရေးအပါဆုံးဖြစ်သည်။ ထိုမြစ်သည် ဂ‌လော့စတာ ရှိုင်းယာနယ်၊ ‌ကော့စဝါ‌တောင်တန်း၌ မြစ်ဖျားခံ၍ အင်္ဂလန်နိုင်ငံတောင်ပိုင်း‌ဒေသတွင် အ‌နောက်မှ အ‌ရှေ့သို့ ဖြတ်သန်းလျက် ‌မြောက်ပင်လယ်ထဲသို့ စီးဆင်းသည်။ မိုင်‌ပေါင်း ၂၀၉ မိုင်မျှ ရှည်လျားသည်။ ‌မြောက်ပင်လယ်ထဲသို့ စီးဆင်းရာမြစ်ဝတွင် လန်ဒန်မြို့တည်ရှိသည်။ မြစ်၏အကျယ်မှာ လန်ဒန်မြို့ တန်းတားကြီးအနီး၌ ကိုက်‌ပေါင်း ၂၅၀ မျှကျယ်၍၊ မြစ်ဝ၌မူ ငါးမိုင်ခွဲမျှ ကျယ်သည်။ သိမ်းမြစ်ကို ပင်လယ်မှ မိုင် ၅၀ ကွာ‌ဝေး‌သော လန်ဒန်မြို့တံတားကြီးအထိ နက်စွာတူး‌ဖော် ထား‌လေရာ ပင်လယ်ကူးသ‌င်္ဘောတို့သည် လန်ဒန်မြို့သို့ အ‌ရောက် ဝင်နိုင်သည်။

သ‌င်္ဘောဆိုက်ကပ်‌သော ‌ဒေသဖြစ်သည့် အ‌လျောက် တင်းမြစ်၏ ဝဲယာကမ်းနှစ်ဘက်တွင် သ‌င်္ဘောကျင်း များစွာတို့ ရှိကြသည်။ လန်ဒန်မြို့မှလွန်‌သော် မြစ်ဖျား တစ်‌လျှောက်အထိ တည်ရှိ‌သော သိမ်းမြစ်ကမ်း‌ခြေတစ်‌လျှောက် မှာမူ အလွန်လှပတင့်တယ်‌သော ရှုခင်းများရှိသည်။ ထို့‌ကြောင့် သိမ်းမြစ်ထဲတွင် ‌လှေပြိုင်ပွဲများ နှစ်စဉ်မပြတ် ကျင်းပ‌လေ့ရှိကြ သည်။ ‌လှေပြိုင်ပွဲများကို ဟင်‌လေ၊ ကင်းစတန်၊ မိုးလဇီ၊ စတိန်းစ‌သော မြို့က‌လေးများတွင် ကျင်းပကြသည်။ နာမည် ‌ကျော် ကိန်းဘရစ်ချ် တက္ကသိုလ် နှင့် ‌အောက်စဖို့ တက္ကသိုလ် ‌လှေ ပြိုင်ပွဲများကို ပတ္တနီမှ ‌မော်တလိတ်အထိရှည်‌သော မြစ်ရိုးတွင် ကျင်းပသည်။ ‌အောက်စဖို့ဒ်မြို့၌ သိမ်းမြစ်ကို အိုင်းဆစ်ဟု‌ခေါ် သည်။ မြန်မာ့စွယ်စုံကျမ်းတွင် သိမ်းမြစ်ကို တင်းမြစ်ဟု ဖော်ပြထားသည်။

Remove ads

ကိုးကား

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads