ဂျပန်ရုပ်ရှင်သရုပ်ဆောင် From Wikipedia, the free encyclopedia
တတ္စုယ ဖူဂျီဝရ (藤原 竜也 Fujiwara Tatsuya , မေ ၁၅၊ ၁၉၈၂ မွေး) သည် ဂျပန်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ Battle Royale ရုပ်ရှင်၌ ရှုယ နနဟရအဖြစ်၊ Death Note ကား၌ လိုက်တိုယဂမိအဖြစ်၊ Kaiji ကား၌ ကိုင်ဂျိအဖြစ်၊ ဟိဒဲအို နခတ၏ The Incite Mill ၌ ရိခုဟိကို ယုကိအဖြစ် သရုပ်ဆောင်မှုများကြောင့် ကမ္ဘာကျော်လေသည်။ ၂၀၁၄ တွင် Rurouni Kenshin ဇာတ်ကား၌ လူကြမ်း ရှိရှိအို မခိုတိုအဖြစ် ပါဝင်ခဲ့သည်။ [1][2][3]
Tatsuya Fujiwara | |
---|---|
မွေးဖွား | Saitama, ဂျပန်နိုင်ငံ | မေ ၁၅၊ ၁၉၈၂
အလုပ်အကိုင် | သရုပ်ဆောင် |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၉၇–လက်ရှိ |
အရပ် | ၁.၇၈ m (၅ ft ၁၀ in) |
ဝက်ဘ်ဆိုဒ် | horipro.co.jp/fujiwaratatsuya/ |
စိုင်းတမတွင် မွေးသော ဖူဂျီဝရသည် ငယ်စဉ်ကတည်းက သရုပ်ဆောင်လိုစိတ် ရှိခဲ့သည်။ အကြာကြီးတွဲခဲ့သော ချစ်သူနှင့် ၂၀၁၃ ကတည်းက လက်ထပ်လိုက်ပြီး ၂၀၁၆ ၌ မိဘများဖြစ်ခဲ့ကြသည်။ ကလေး၏ လိင်အမျိုးအစားနှင့် အမည်ကိုမူ မသိကြရသေးချေ။ [4]
ကင်းဂျီ ဖုကဆကုရေးသော ၂၀၀၀ ခုနှစ် အငြင်းပွားဖွယ်ရာ Battle Royale ဇာတ်ကား၌ ရှုယ နနဟရအဖြစ် သရုပ်ဆောင်ခဲ့၍ ကျော်ကြားသည်။ အဆက်ဖြစ်သော Battle Royale II: Requiem ၌ Wild Seven ခေါင်းဆောင်အဖြစ် ဇာတ်ရုပ်ကို ဆက်လက်သရုပ်ဆောင်သည်။[ကိုးကားချက်လိုသည်]
ကာတွန်းဇာတ်လမ်းတွဲကို အခြေပြု ရိုက်ကူးသော သေမင်းမှတ်စု(Death Note) နှင့် Death Note: The Last Name ၌ အဓိကဇာတ်ကောင် လိုက်တိုယဂမိအဖြစ် သရုပ်ဆောင်သည်။ သေမင်းမှတ်စုဇာတ်လမ်းတွဲအတွက် နောက်ဆက်တွဲဖြစ်သော L: Change the World, an L ၌ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါခဲ့သည်။ လိုက်အက်ရှင်ကားတွင် သေမင်းမှတ်စု၏ အဓိကဇာတ်ရုပ် လိုက်တိုယဂမိအဖြစ် သရုပ်ဆောင်ခဲ့သည်။ ရိုက်ကူးနေစဉ်အတွင်း ထိန်းချုပ်ထားသော ခံစားချက်များနှင့် ဇာတ်ရုပ်တရုပ်ကို သရုပ်ဆောင်ရသည်မှာ အလွန်ခက်ခဲပါသည်ဟု ဆိုခဲ့သည်။Death Note: The Last Name ကိုရိုက်ကူးစဉ် အယ်လ်အဖြစ် သရုပ်ဆောင်သူ Kenichi Matsuyama နှင့် သူငယ်ချင်းရင်းချာ ဖြစ်သွားသည်။ မစွတ်ယမ ကပြောသည်မှာ တစွတ်ယသည် ကောင်းကောင်းလုပ်နိုင်ခဲ့သည်ဟူသတည်း။ [ကိုးကားချက်လိုသည်]
ပြဇာတ်လက်ရာများတွင်မူ၊ ဂျပန်၌ အလွှမ်းမိုးနိုင်ဆုံး ဒါရိုက်တာများထဲမှ တဦးဖြစ်သူ ယုခိအို နိနငဝနှင့် ပူးပေါင်းလုပ်ဆောင်ကြောင့် လူသိများသည်။ ရုပ်ရှင်များ မရိုက်ကူးမီက သူ့အနုပညာအလုပ်ကို ပြဇာတ်မှ စတင်ခဲ့သည်။ ၎င်းမှာ မိထွေးဖြစ်သူနှင့် ညစ်ညမ်းသော ဆက်ဆံရေးရှိသူ ကောင်လေး ရှင်းတိုခု-မာရု အဖြစ် အဓိကပြဇာတ်ရုပ်ဖြစ်သည်။ ဟမ်းမလက်နှင့် ရိုမီယိုဂျူးလိယက်အပါအဝင် ရှိတ်စပီးယားပြဇာတ်များ၌လည်း ကပြသရုပ်ဆောင်ခဲ့သည်။[5] ဖူဂျီဝရသည် ဟိဒဲအို နခတ၏ စိတ္တဇဆန်သည်းထိတ်ရင်ဖိုကား The Incite Mill ၌ ခေါင်းဆောင်အဖြစ် ပါဝင်သည်။ [6] (စာချန်...) IRIS ဇာတ်ကားအတွက် Meisa Kuroki, Yuu Shirota ပြီးနောက် သေမင်းမှတ်စုတွဲဖက်မင်းသား ဟိခရိ မိစုရှိမတို့နှင့်အတူ အသံသရုပ်ဆောင်ခဲ့သည်။ အဆိုပါကားသည် Lee Byung-hun ပါဝင်သော ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်သည်။[7][8][9][10]
၂၀၁၄ ၌ Rurouni Kenshin ဇာတ်လမ်းတွဲတွင် ရှိရှိအို မခိုတိုဇာတ်ရုပ်၌ သရုပ်ဆောင်သည်။[11][12][13] ၂၀၁၅ ဇန်နဝါရီမှ ဖေဖော်ဝါရီအထိ ၁၂ နှစ်အတွင်းပထမဆုံးအကြိမ် အိုဆာကာရှိ Umeda Arts Theater ဇာတ်ရုံနှင့် စိုင်းတမရှိ Sai-no-Kuni Saitama Arts Theater ဇာတ်ရုံတို့၌ ယုကိအို နိနငဝညွှန်ကြားသော ဟမ်းမလက်ပြဇာတ်ဝယ် သရုပ်ဆောင်သည်။ ထို့နောက် ၂၀၁၅ မတ်တွင် ထိုင်ဝမ်၌လည်းကောင်း၊ မေတွင် ဘာဘီကန်ဇာတ်ရုံ(Barbican Theatre)၌လည်းကောင်း ကပြရန် စီမံခဲ့လေသည်။[14][15][16]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.