![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/85/Lake_Tumba_NASA.jpg/640px-Lake_Tumba_NASA.jpg&w=640&q=50)
တမ်ဘကန်
From Wikipedia, the free encyclopedia
တမ်ဘကန် သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအနောက်မြောက်ပိုင်းရှိ ရေတိမ်သည့် ကန်တစ်ခု ဖြစ်သည်။ [1]
အချက်တိုများ တမ်ဘကန်, ကိုဩဒိနိတ် ...
တမ်ဘကန် | |
---|---|
![]() seen from space (false color) | |
ကိုဩဒိနိတ် | 0°50′S 18°0′E |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Democratic Republic of the Congo |
မျက်နှာပြင် ဧရိယာ | ၅၀၀ km2 (၁၉၃ sq mi) |
အနက်ဆုံး အနက်အရှိုင်း | ၆ m (၂၀ ft) |
ပိတ်ရန်
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/70/Lake_Tumba_DRC.svg/640px-Lake_Tumba_DRC.svg.png)
ကန်သည် ရာသီအပေါ်မူတည်ကာ ၇၆၅ စတုရန်းကီလိုမီတာ (၂၉၅စတုရန်းမိုင်) ရှိသည်။ ကွန်ဂိုမြစ်နှင့် Irebu ချောင်းမှတစ်ဆင့် ချိတ်ဆက်တည်ရှိသည်။ ထိုချောင်းမှတစ်ဆင့် ကန်အထဲသို့ ရေစီးဝင်ခြင်း သို့မဟုတ် ရေထွက်ခြင်းများ ဖြစ်ပေါ်သည်။ ကန်တွင် ငါးမျိုးစိတ် ၁၁၄ မျိုး တည်ရှိကာ ငါးဖမ်းလုပ်ငန်းများအတွက် အရေးပါသည့် ကန်တစ်ခု ဖြစ်သည်။ ဤကန်သည် Tumba-Ngiri-Maindombe ဧရိယာ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ [2][3]