တရုတ်ရိုးရာဘာသာ
From Wikipedia, the free encyclopedia
တရုတ် ရိုးရာဘာသာတရား ကို (တရုတ်တွင်)အများလက်ခံကိုးကွယ်သော ဘာသာတရားတစ်ခုအဖြစ် အသိများ၍ တရုတ်ပြည်ပြင်ပတွင်ပျံ့နှံ့နေထိုင်သော တရုတ်လူမျိုးများအပါအဝင် တရုတ်ယဉ်ကျေးမှုနယ်ပယ်မှသူများနှင့် သက်ဆိုင်သည်။ 'တရုတ် ရိုးရာဘာသာတရား'သည် ယေဘုယျအားဖြင့် ဘာသာရေးဟုဆိုနိုင်သော နယ်ပယ်များမှ အယူဝါဒဆိုင်ရာအကျင့်အမျိုးမျိုးကွဲပြားနေမှုကို ဖော်ပြရန်သုံးစွဲသော 'ဇာစ်မြစ်တစ်ခုထက်ပိုသော' ဝေါဟာရတစ်မျိုးဖြစ်သည်။ ဗစ်ဗီယန် ဝီးက ပန်းကန်လုံးအလွတ်နှင့် နှိုင်းယှဉ်ဖော်ပြပြီး ထိုပန်းကန်အလွတ်ထဲတွင် အဓိကဘာသာတရားများဖြစ်သော ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်ဝါဒ၊ တာအိုဘာသာ၊ ရောနှောပေါင်းစပ်သွားသော အခြားတရုတ်ဘာသာတရားများ (သို့) ခရစ်ယာန်ဘာသာ (ကသလစ်) နှင့် ဟိန္ဒူဘာသာတို့တွင် ပါဝင်သော အကြောင်းအရာများကို အမျိုးမျိုးဖြည့်နိုင်သည်ဟု ဆိုသည်။[1] ထိုရိုးရာယုံကြည်မှုထဲတွင် သဘာဝစွမ်းအားနှင့် ဘိုးဘေးများကို ပူဇော်ကန်တော့ခြင်း၊ မကောင်းဆိုးဝါး(စွမ်းအား)များကို နှိမ်နင်းခြင်း၊ ဧကရာဇ်ဘုရင်များ၊ လူသားများသာမက နတ်ဒေဝါများကပါ အကျိုးသက်ရောက်နိုင်သော အရှိတရား၊ သဘာဝတရား၊ စကြဝဠာ၏ ကြောင်းကျိုးဆီလျော်စွာဖြစ်တတ်သည့် အစီအစဉ်သဘောကို ယုံကြည်ခြင်းများ ပါဝင်သည်။[2] ထိုသို့ယုံကြည်ကိုးကွယ်ရာတွင် ရှန် (神 ဟုခေါ်သော နတ်ဒေဝါများ၊ ထာဝရအသက်ရှိသော တန်ခိုးရှင်အများအပြားပါဝင်ရာ ထိုသူတို့မှာ စွမ်းအားကြီးသောနတ်ဒေဝါများ၊ လူသားအပြုအမူနှင့်နီးစပ်သော နတ်များ (သို့) ရှေးဘိုးဘေးဘီဘင်များ ဖြစ်နိုင်သည်။ ဤနတ်ဘုရား၊ နတ်ဒေဝါအချို့နှင့်ပတ်သက်သော ဇာတ်လမ်းပုံပြင်များကို တရုတ်ဒဏ္ဍာရီတွင် စုစည်းဖော်ပြထားသည်။ (၁၁)ရာစု စုန့်မင်းဆက်ခေတ်ကာလတွင် ဤအယူအကျင့်များသည် ဗုဒ္ဓဘာသာ၏ ကံတရား၊ ပြန်လည်မွေးဖွားခြင်းအယူအဆ၊ တာအိုဘာသာ၌ပါရှိသော နတ်ဒေဝါတို့၏ ကြီးငယ်ဝါစဉ်သဘောတရားများနှင့် ရောနှောသွားကာ အများစုလက်ခံသော ဘာသာရေးစနစ်တစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ကာ အမျိုးမျိုး အသွယ်သွယ်သော နည်းလမ်းများနှင့် ပစ္စက္ခကာလအထိ ရှင်သန်လျက်ရှိသည်။[3]
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) မှ ၆ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
တရုတ်ရိုးရာဘာသာ | |||||||||||||
ရိုးရာ တရုတ် | 中國民間信仰 | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 中国民间信仰 | ||||||||||||
|