![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/4c/Amphitheatre_Drakensberg.jpg/640px-Amphitheatre_Drakensberg.jpg&w=640&q=50)
တုဂီလာမြစ်
တောင်အာဖရိကရှိ မြစ် / From Wikipedia, the free encyclopedia
တုဂီလာမြစ် (Zulu: Thukela; Afrikaans: Tugelarivier) သည် တောင်အာဖရိက၊ KwaZulu-Natal စီရင်စုတွင် တည်ရှိသည့် အကြီးဆုံးမြစ်တစ်ခု ဖြစ်သည်။ နိုင်ငံ၏ အရေးအပါဆုံးမြစ်များထဲတွင် ပါဝင်သည့် မြစ်တစ်စင်းလည်း ဖြစ်သည်။[1]
Tugela Thukela | |
---|---|
![]() The Tugela River with the Amphitheatre in the background | |
![]() The course of the Tugela river, from the west to the east border of KwaZulu-Natal. | |
အခြားအမည်(များ) | Thukela |
Country | South Africa |
Province | KwaZulu-Natal |
Towns | Bergville, Colenso |
အချက်အလက်များ | |
မြစ်ဖျားခံရာ | Drakensberg |
စီးဝင်ရာနေရာ | Indian Ocean |
အလျား | ၅၀၂ km (၃၁၂ mi) |
မြစ်ဝှမ်း အချက်အလက်များ | |
မြစ်ဝှမ်းအရွယ် | ၂၉,၁၀၀ km2 (၁၁,၂၀၀ sq mi) |
မြစ်သည် Drakensberg တောင်များ၏ Mont-aux-Sources မှ မြစ်ဖျားခံ စီးစင်းလာခဲ့သည်။ မြစ်သည် တုဂီလာရေတံခွန်အဖြစ် ၉၄၇ မီတာ အောက်သို့ စီးဆင်းသွားသည်။ Mont-aux-Sources သည် တောင်အာဖရိက၏ အခြားသော အဓိကကျသည့် မြစ်နှစ်စင်းဖြစ်သည့် Orange နှင့် Vaal တို့၏ မြစ်လက်တက်များ မြစ်ဖျားခံရာ ဖြစ်သည်။Drakensberg တောင်တန်းများမှတစ်ဆင့် တုဂီလာမြစ်သည် KwaZulu-Natal ဒေသအလယ်ပိုင်းသို့ စီးဆင်းလာခဲ့ပြီး ၅၀၂ ကီလိုမီတာ (၃၁၂ မိုင်) ရှည်လျားသည်။ အိန္ဒိယမြစ်အတွင်းသို့ မစီးဝင်ခင်အထိ အရှည်ဖြစ်သည်။[2] ရေဖမ်းဧရိယာသည် ခန့်မှန်းခြေ ၂၉၁၀၀ စတုရန်းကီလိုမီတာ (၁၁၂၀၀ စတုရန်းမိုင်) ရှိသည်။[2] ရေဖမ်းဧရိယာတွင် ကုန်းမြေသည် စိုက်ပျိုးရေးအတွက် အဓိကတန်ဖိုးရှိပြီး စီးပွားဖြစ် သစ်တောများလည်း ရှိသည်။