နင် ဘယ်သူလဲ (ထိုင်း ရုပ်သံဇာတ်လမ်းတွဲ)
၂၀၂၀ခုနှစ် ထိုင်းရုပ်သံဇာတ်လမ်းတွဲ / From Wikipedia, the free encyclopedia
နင် ဘယ်သူလဲ (ထိုင်း: Who Are You – เธอคนนั้น คือ ฉันอีกคน;[1] RTGS: Who Are You – Thoe Khon Nan Khue Chan Ik Khon, lit. 'နင် ဘယ်သူလဲ: သူက နောက်ထပ်ငါတစ်ယောက်') သည် Tipnaree Weerawatnodom (Namtan)၊ Perawat Sangpotirat (Krist) နှင့် Kay Lertsittichai တို့ ပါဝင်သရုပ်ဆောင်ထားသော ၂၀၂၀ခုနှစ် ထိုင်းရုပ်သံဇာတ်လမ်းတွဲတစ်ပုဒ် ဖြစ်သည်။
နင် ဘယ်သူလဲ | |
---|---|
အမျိုးအစား | |
ဖန်တီးသူ | GMMTV |
အခြေခံထားသည်မှာ | ဂင်မင်းဂျောင်း၊ အင်မ်ယယ်ဂျင်း ၏ Who Are You: School 2015 |
ဒါရိုက်တာ | Kanittha Kwunyoo |
သရုပ်ဆောင် |
|
နိုင်ငံ | Thailand |
ဘာသာစကား | Thai |
အပိုင်းပေါင်း | 18 |
ပြသချိန် | 60 minutes |
ထုတ်လုပ်သည့် ကုမ္ပဏီ |
|
ဖြန့်ချိသူ | ဂျီအမ်အမ် ဂရမ်မီ LINE TV |
မူရင်းရုပ်သံလိုင်း |
|
မူလပြသမှု | ၂ မေ ၂၀၂၀ (၂၀၂၀-၀၅-၀၂) – ၂၈ ဇွန် ၂၀၂၀ (၂၀၂၀-၀၆-၂၈) |
GMM 25 Show Details | |
ထုတ်လုပ်မှု ဝက်ဘ်ဆိုဒ် |
၂၀၁၅ခုနှစ် က ထွက်ရှိခဲ့သည့် တောင်ကိုရီးယား ဇာတ်လမ်းတွဲ Who Are You: School 2015 ကို အခြေခံရိုက်ကူးထားသည်။[2] အဆိုပါဇာတ်လမ်းသည် ကျောင်းတွင်း အနှိမ်ခံ အနိုင်ကျင့်ခံ မိဘမဲ့တစ်ယောက်နှင့် ချမ်းသာသော မွေးစားမိခင်နှင့်အတူ ပိုမိုကောင်းမွန်သော ဘဝတစ်ခု၌ နေထိုင်ရသော ၎င်း၏ အမြွာညီအစ်မတို့အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။[1]
ဒါရိုက်တာ Kanittha Kwunyoo ရိုက်ကူးပြီး GMMTV နှင့် Nar- ra-tor တို့ ပူးပေါင်းထုတ်လုပ်သော ဤဇာတ်လမ်းတွဲသည် ၂၀၁၉ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် GMMTV မှပြုလုပ်သော "New & Next" ပွဲစဉ်တွင် ကြေညာခဲ့သည့် ၂၀၂၀ခုနှစ်အတွက် ရုပ်သံဇာတ်လမ်းတွဲ ၁၂ ခုအနက် တစ်ခုဖြစ်သည်။[2][3] ဤဇာတ်လမ်းတွဲကို ၂၀၂၀ခုနှစ် မေလ ၂ရက် နေ့မှစတင်ကာ GMM 25 နှင့် LINE TV တို့တွင် အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ၂၁:၃၀ နာရီ နှင့် ၂၃:၀၀နာရီအချိန်တို့တွင် အသီးသီးပြသသည်။[4] ၂၀၂၀ခုနှစ် ဇွန်လ ၂၈ရက်နေ့တွင် ဇာတ်လမ်းတွဲပြီးဆုံးခဲ့သည်။[5]