From Wikipedia, the free encyclopedia
နမ်ဆိုင်ရွှေစေတီတော် (ကွန့်မူခမ် Kongmu Kham ဟု သိကြ) သည် မြန်မာ့ပုံစံဖြင့် တည်ထားသည့် ဗုဒ္ဓဘာသာစေတီပုထိုးတစ်ခု ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ၊ Arunachal Pradesh ခရိုင်၊ နမ်ဆိုင်ရှိ ၂၀ ဟက်တာကျယ်သည့် မြေနေရာပေါ်တွင် တည်ထားသည်။ စုစုပေါင်း သုံးကုဋေကို Arunachal နိုင်ငံရေးသမား Chowna Mein က လှူဒါန်းခဲ့သည်။ ကမ္ဘာ့တိပိဋကအဖွဲ့က လက်ရှိတွင် Kongmu Kham ကို ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ တိပိဋကစင်တာအဖြစ် အိန္ဒိယနိုင်ငံတွင် လုပ်ဆောင်နေသည်။[1][2][3][4]
နမ်ဆိုင်ရွှေစေတီတော် | |
---|---|
Kongmu Kham | |
The Golden Pagoda as night falls | |
အချက်အလက်များ | |
ကိုဩဒိနိတ် | 27.667208°N 95.865854°E |
ဘာသာရေး နှီးနွယ်မှု | Theravada Buddhism |
နိုင်ငံ | India |
ဗိသုကာ | |
ပြီးစီး | 2010 |
ကထိန်အလှူပွဲတော်သည် စေတီတော်တွင် ကျင်းပသည့် အကြီးမားဆုံးပွဲတောတစ်ခု ဖြစ်သည်။ ၂၀၁၆ ခုနှစ် အခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်တွင် ကျင်းပခဲ့သည်။ ထိုပွဲကို ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာရဟန်းများ တက်ရောက်ခဲ့ကြသည်။ ရဟန်းများသည် ထိုင်းနိုင်ငံ Wat Bowonniwet Vihara တွင် အစောပိုင်းကတည်းက သီတင်းသုံးစံပယ်တော်မူနေသည့် ရုပ်ပွားတော်တစ်ဆူကို လက်ဆောင်အဖြစ် ထိုင်းနိုင်ငံဘုရင် Bhumibol Adulyadej က ပေးခဲ့သည်။ ထိုင်းရဟန်းများသည် စေတီတော်သို့ ပဒေသာပင် လှူဒါန်းခဲ့သည်။ Loi-Krathong အခမ်းအနားသည် မီးအိမ်များကို Mungchalinda ဗုဒ္ဓကန်အတွင်း မျှောရသည့် အခမ်းအနားဖြစ်ကာ ပွဲတော်၏ နောက်ဆုံးနေ့တွင် ကျင်းပသည်။[5][6]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.