နေတိုး (ရုပ်ရှင်သရုပ်ဆောင်)
မြန်မာရုပ်ရှင်သရုပ်ဆောင် / From Wikipedia, the free encyclopedia
နေတိုး ခေါ် နေလင်းအောင် (၉ စက်တင်ဘာ ၁၉၈၁) သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်သည်။ နေတိုးကို ၉ ရက်နေ့ စက်တင်ဘာ ၁၉၈၁ ခုနှစ် တွင် ဦးအောင်သန်း နှင့် ဒေါ်သန်းမြိုင်တို့မှ ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မွေးဖွားခဲ့သည်။ နာမည်ရင်းမှာ နေလင်းအောင် ဖြစ်သည်။ မွေးချင်းသုံးယောက်ရှိသည်။ ၎င်းတို့မှာ အစ်ကို ဇော်လင်းအောင်၊ ညီ သရုပ်ဆောင် မင်းသွေး (နေမင်းအောင်)၊ ညီမ စုမွန်အောင် တို့ဖြစ်သည်။ ရခိုင်လူမျိုး ဖြစ်သည်။
အချက်တိုများ နေတိုး, မွေးဖွား ...
နေတိုး | |
---|---|
![]() နေတိုး ၂၀၁၁ | |
မွေးဖွား | နေလင်းအောင် (1981-09-09) စက်တင်ဘာ ၉၊ ၁၉၈၁ (အသက် ၄၂) တောထူရွာ မာန်အောင်မြို့၊ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ |
အခြား အမည်များ | ဇင်မင်း၊ ညီတိုး၊ ကိုလတ် |
အလုပ်အကိုင် | သရုပ်ဆောင်၊ မော်ဒယ်၊ ဟာသပညာရှင်၊ အဆိုတော် |
အိမ်ထောင်ဖက်(များ) | သဲစုမြတ်ရွှေ (လက်ထပ် 2022) |
သားသမီး | သား ဂုဏ်ရှိန်တိုး |
မိဘ(များ) | ဦးအောင်သန်း + ဒေါ်သန်းမြိုင် |
ဆွေမျိုးသားချင်း | အစ်ကို ဇော်လင်းအောင်၊ ညီ မင်းသွေး (နေမင်းအောင်)၊ ညီမ စုမွန်အောင် |
ရရှိသည့်ဆုများ | ![]() |
ပိတ်ရန်