နော်တင်ဟေး
From Wikipedia, the free encyclopedia
နော်တင်ဟေး (အင်္ဂလိပ်: Notting Hill) သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်(အနောက်ပိုင်း) ရှိ ခရိုင်တခုဖြစ်သည်။ [1] နော်တင်အေးကို မြို့ပြဆန်ခြင်းနှင့် ယဉ်ကျေးမှုစုံရောသောပတ်ဝန်းကျင်ရှိခြင်းတို့ကြောင့် လူသိများသည်။ နှစ်စဉ် နော်တင်အေးပွဲတော်နှင့် ပေါတိုဘယ်လိုလမ်းရှိ ဈေးတန်းကို ကျင်းပ၏။ [2]
Notting Hill | |
---|---|
နော်တင်အေး | |
Location within the United Kingdom | |
OS grid reference | TQ245805 |
• Charing Cross | ၃.၅ mi (၅.၆ km) ESE |
Greater London | |
နိုင်ငံ | အင်္ဂလန် |
အချုပ်အခြာပိုင်ပြည်နယ် | ယူနိုက်တက်ကင်းဒမ်းနိုင်ငံ |
Post town | လန်ဒန် |
Postcode district | W2, NW10, W10, W11 |
Dialling code | 020 |
ရဲ | |
မီးသတ် | |
လူနာတင်ကား | |
ယူကေပါလီမန် | |
|
၁၈၇၀ ဝန်းကျင်၌ နော်တင်ဟေးတွင် အနုပညာသမားများ ကျက်စားသည်။ [3] ၂၀ ရာစုတွင် အိမ်ကြီးအိမ်ကောင်းများကို အိမ်ငှားလုပ်ငန်းများမှတဆင့် ခွဲခြမ်းငှားရမ်းကြသည်။ ကာရေဘီယံမှ ပြောင်းရွှေ့လာသူတို့က ၁၉၅၀ ဝန်းကျင်တွင် ရောက်လာပြီး ဈေးနည်းသောဤနေရာတွင် ငှားနေကြသည်။ သို့သော် ကျူးကျော်မြေပိုင်ရှင် ပီတာရက်ချမန်း၏ အနိုင်ကျင့်မှုများရှိခဲ့သည်နည်းတူ ၁၉၅၈ နော်တင်အေးလူမျိုးရေးပဋိပက္ခတွင်လည်း လူဖြူ တက်ဒီ့ကောင်လေးများအဖွဲ့၏ ပစ်မှတ်ဖြစ်ခဲ့၏။
ထိုစဉ်က ကျူးကျော်အိမ်ရာတို့ကြောင့် နာမည်ကြီးသော်လည်း ၂၁ ရာစုအစောပိုင်းမှစ၍ ပတ်ဝန်းကျင်သဘာဝပြောင်းလဲကာ နော်တင်အေးသည် ဖက်ရှင်ကျသောနေရာအဖြစ် သတင်းကြီးလာ၏။ [4] မျက်နှာစာအိမ်တန်းများ၊ ဗစ်တိုးရီးယားခေတ်လက်ရာဖြင့် အိမ်ကြီးများ၊ ကြေးမြင့် ဈေးဝယ်စင်တာနှင့်စားသောက်ဆိုင်များဖြင့် လူစိတ်ဝင်စားစရာ ဖြစ်၏။ ဒေးလီးတယ်လီဂရပ်၏ ၂၀၀၄ ပါ ဆောင်းပါးတွင် "နော်တင်အေးအစုံ" ဟူသော ဝေါဟာရကို နာမည်ကြီးစပြုနေသော ရှေးရိုးစွဲဝါဒီ နိုင်ငံရေးသမားအုပ်စုကို ညွှန်း၍ ဆိုသည်။ [5] နော်တင်အေးတွင် နေခဲ့သော ဝန်ကြီးချုပ်ဖြစ်လာသည့် ဒေးဗစ်ကင်မရွန်းနှင့် အတွင်းဝန်ဖြစ်လာသည့် ဂျော့အော့စဘွန်းတို့ကို ရည်၏။